အင်ဒိုနီးရှားတွင် လှေမှောက်မှုကြောင့် လူ ၁၃ဦးသေဆုံး၊ ၈ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဂျာကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း Sulawesi ပြည်နယ် Makasar ဆိပ်ကမ်းမြို့ ကမ်းရိုးတန်းအလွန်တွင် ဇွန် ၁၃ ရက်က လှေတစ်စင်းတိမ်းမှောက်နစ်မြုပ်ခဲ့ရာ စုစုပေါင်း လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၈ဦး ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ခရီးသည်တင်လှေတစ်စီးသည် Makasarမြို့ ရှိ Paoetere ပင်လယ်ဆိပ်ကမ်းမှ ထွက်ခွာလာပြီး ၈ကီလိုမီတာ အကွာတွင် လေပြင်းများတိုက်ခိုက်ကာ လှိုင်းကြီးမှုကြောင့် တိမ်းမှောက်ခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများအတွက် ရှာဖွေရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

ကျွန်းပေါင်း ၁၇,၅၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော အင်ဒိုနီးရှားနိုင်ငံတွင် သွားလာရေးအတွက် လှေ နှင့် သင်္ဘောအား အဓိကထား အသုံးပြုကြသော်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းများ ကင်းမဲ့မှုကြောင့် လှေမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အင်ဒိုနီးရှားတွင် လှေမှောက်မှုကြောင့် လူ ၁၃ဦးသေဆုံး၊ ၈ဦးပျောက်ဆုံးနေ အင်ဒိုနီးရှားတွင် လှေမှောက်မှုကြောင့် လူ ၁၃ဦးသေဆုံး၊ ၈ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.