ဒဂုံမြို့နယ်အတွင်း အရှည် ၁ဝ ပေ၊ လုံးပတ် ၁ ပေရှိ စပါးအုံးမြွေတွေ့ရှိ


ရန်ကုန် ဇွန် ၂၄

ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ပန်ထွာလမ်း အမှတ် ၁၉ ရှိ ဦးသန်းထွဋ်တင် ပိုင်ဆိုင်သည့်ခြံရှေ့တွင် ဇွန် ၂၃ ရက် ည ၁ဝ နာရီခန့်က လုံးပတ် ၁ ပေ၊ အရှည် ၁ဝ ပေခန့်ရှိ စပါးအုံြးေ>ွမတစ်ကောင် တွေ့ရှိခဲ့ကြောင်း သိရသည်။


စပါးအုံးမြွေတစ်ကောင်တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ ဇွန် ၂၃ ရက်ညပိုင်းက ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးအောင်သူထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးပြီး ည ၁ဝ နာရီ ၃၄ မိနစ်ခန့်တွင် ရန်ကုန် တိရ္ဆာန်ဥယျာဉ်မှ လုံခြုံရေးမန်နေဂျာ ဦးညွန့်ဝင်းထံ ပေးပို့ခဲ့ကြောင်း သိရသည်။

အောင်သူရ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒဂုံမြို့နယ်အတွင်း အရှည် ၁ဝ ပေ၊ လုံးပတ် ၁ ပေရှိ စပါးအုံးမြွေတွေ့ရှိ ဒဂုံမြို့နယ်အတွင်း အရှည် ၁ဝ ပေ၊ လုံးပတ် ၁ ပေရှိ စပါးအုံးမြွေတွေ့ရှိ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.