လှော်ကားဥယျာဉ်တွင် ရေမြင်း အကိုက်ခံရ၍ လူတစ်ဦးသေဆုံး

ရေမြင်း နမူနာဓါတ်ပုံသာဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းရပ်ကွက် လှော်ကားဥယျာဉ်အတွင်းရှိ ရေမြင်းကန်တွင် လုံခြုံရေးဝန်ထမ်း (၁)ဦး ရေမြင်းကိုက်ခံရ၍ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ သတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါရပ်ကွက်နေ ဦးသီဟ (၄၈)နှစ်ဖြစ်ပြီး တစ်ရပ်ကွက်တည်းနေ တူဖြစ်သူ ဖြိုးခန့်ကျော်(၁၈)နှစ်နှင့်အတူ လှော်ကားဥယျာဉ် အတွင်းရှိနေစဉ် ၎င်းသည် ရေမြင်းကန်အတွင်းသို့ ဆင်းကာ ရေမြင်းအား လိုက်လံစနောက်ရာမှ ရေမြင်း အကိုက်ခံရ၍ ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူသေဆုံးမှုအား ထောက်ကြန့် နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လှော်ကားဥယျာဉ်တွင် ရေမြင်း အကိုက်ခံရ၍ လူတစ်ဦးသေဆုံး  လှော်ကားဥယျာဉ်တွင် ရေမြင်း အကိုက်ခံရ၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.