တစ်​ရွာတည်းသားချင်း အရက်​အတူ​သောက်​ ထမင်းအတူတူစားပြီး စကားများရာက လူသတ်​မှုဖြစ်​ပွား


ဘားအံ ဇွန်​ ၂၁

ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​တွင် ​ဇွန်​လ ၂၁ရက်​​နေ့ ည​နေပိုင်းက တစ်​ရွာတည်း​နေသူအချင်းချင်း အရက်​အတူ​သောက်​စားပြီး စကားများရာက ဓါးခုတ်​မှုဖြစ်​ပွားကာ ဓါးဖြင့် အခုတ်​ခံသူမှာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွားခဲ့ပြီး ပြစ်​မှုကျူးလွန်​သူမှာ ထွက်​​ပြေးတိမ်း​ရှောင်​ သွားခြင်း မရှိဘဲ ကိုယ်​တိုင်​ အဖမ်းခံခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ ဇွန်​လ ၂၁ရက်​​နေ့ ည​နေ ၃နာရီ အချိန်​ခန့်​က ဘားအံမြို့နယ်​၊ ​ထောင်​ကလပ်​​ကျေးရွာအုပ်​စု၊ က​မော့​ညော(ထူးဂုဏ်​)​ကျေးရွာတွင်​ ဓါးခုတ်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ အိန္ဒုနယ်​​မြေရဲစခန်းမှူး ရဲအုပ်​ မင်း​အောင်​ထွန်းဦးစီးအဖွဲ့မှ သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးရာ ဓါးဖြင့် အခုတ်​ခံရသူမှာ မျိုးသူ(ခ)ပန်းကြီး၊၂၈နှစ်​ဖြစ်​​ကြောင်းသိရပြီး လည်​ပင်းဇတ်​ပိုးတွင်​ ပြတ်​ရှဒဏ်​ရာဖြင့် နေအိမ်​ကွန်​ကရစ်​ကြမ်းပြင်​​ပေါ်ရှိ ​သွေးအိုင်​ထဲတွင်​ လဲကျ​သေဆုံး​နေသည်​ကိုစစ်​​ဆေး​တွေ့ရှိ၍ ဘားအံ​ဆေးရုံကြီးသို့ ရဲ​ဆေးစာဖြင့် ပို့ ​ဆောင်​ထားခဲ့​ကြောင်း သိရသည်​။

ဆက်​လက်​၍ စခန်းမှူးနှင့်​ဖွဲ့မှ ဖြစ်​စဉ်​အား ​မေးမြန်းစစ်​​ဆေးရာ အခင်းဖြစ်​​နေ့ နံနက်​ ၈ နာရီခန့်​က နိုင်​ဝင်း(ခ)နိုင်​ကြီး၊ ၃၅နှစ်​၊ က​မော့​ညော(ထူးဂုဏ်​)​ကျေးရွာ​နေသူနှင့်​ ​သေဆုံးသူ မျိုးသူ(ခ)ပန်းကြီးတို့နှစ်​ဦးသည်​ ဘားအံမြို့နယ်​၊ ​တောင်​ဝိုင်း​တောင်​သို့ မျှစ်​ချိုးအတူ သွား​ရောက်​ခဲ့ပြီး မွန်းလွဲ ၁နာရီခန့်​တွင်​ ရွာသို့ ပြန်​လည်​​ရောက်​ရှိကာ နိုင်​ဝင်း(ခ)နိုင်​ကြီး၏ ​နေအိမ်​၌ အရက်​အတူ​သောက်​ကာ ထမင်းအတူစားခဲ့ပြီး စကား​ပြောဆိုကြစဉ်​ တစ်​ဦးနှင့်​ တစ်​ဦး စကားအ​ချေအတင်​ဖြစ်​ရာမှ တစ်​​ယောက်​တစ်​ခွန်း စကားများခဲ့ကြပြီး နိုင်​ဝင်း (ခ)နိုင်​ကြီးက အနီးရှိ အရှည်​ နှစ်​​ပေခွဲခန့်​အရှည်​ရှိ​သော ဓါးရှည်​ဖြင့် မျိုးသူ(ခ)ပန်းကြီး၏ လည်​ပင်း ဇတ်​ပိုးအား ခုတ်​ပိုင်းခဲ့ခြင်းဖြစ်​​ကြောင်း စစ်​​ဆေးသိရှိခဲ့ရသည်​။

ဖြစ်​စဉ်နှင့် ပတ်​သက်​ပြီး ဓါးဖြင့် ခုတ်​သူ နိုင်​ဝင်း (ခ)နိုင်​ကြီးမှာ ထွက်​​ပြေးတိမ်း​ရှောင်​သွားခြင်းမရှိဘဲ ကိုယ်​တိုင်​ အဖမ်းခံခဲ့သဖြင့်​  စခန်းမှူး ရဲအုပ်​မင်း​အောင်​ထွန်းက အမှုဖြင့်​ ဖမ်းဆီးကာ ဆက်​လက်​ စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
တစ်​ရွာတည်းသားချင်း အရက်​အတူ​သောက်​ ထမင်းအတူတူစားပြီး စကားများရာက လူသတ်​မှုဖြစ်​ပွား တစ်​ရွာတည်းသားချင်း အရက်​အတူ​သောက်​ ထမင်းအတူတူစားပြီး စကားများရာက လူသတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.