ကုလားတန်မြစ်ရေမြင့်တက် နေအိမ်တချို့ရေလွှမ်းမှုဖြစ်ပွား


ခိုနူမ်းသုန်သတင်း၊ ဇွန်လ ၁၃ ၊ ၂၀၁၈

မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေမြင့်တက်လာပြီး ပလက်ဝမြို့ကုလားတန်မြစ်ကမ်းနဘေးတွင်နေထိုင်ကြသော နေအိမ်တချို့မှာ ရေလွှမ်းမှုဖြစ်ပွားကာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရသည်ဟု သိရသည်။


ကုလားတန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနေပြီး ယမန်နေ့ကစပြီး မြစ်ကမ်းနဘေးတွင်နေထိုင်ကြသော လူနေအိမ် ၁၀ အိမ်ကျော် ရေလွှမ်းမှုဖြစ်ပွားကာ မိသားစုများကို နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ကြရသည်ဟု ပလက်ဝမြို့နယ်လူမှုကူညီရေး ပရဟိတအဖွဲ့မှ ကိုကျော်အောင်ကပြောသည်။

“ မိုးကဆက်တိုက်ရွာမယ်ဆိုရင်တော့ ဒီထက်မက ရေလွှမ်းမှုဖြစ်လာနိုင်တယ် ပြောင်းရွှေ့မှုတွေတော့ တော်တော်လေးရှိမယ်လို့တော့ထင်တယ်” ဟုကိုကျော်အောင်ကပြောသည်။

ယခုလက်ရှိတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ရေးအစီအစဉ်(နတလ) ကျောင်းသည် စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ပြောင်းရွှေရမည့်အနေထားရှိကြောင်းလည်းသိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
ကုလားတန်မြစ်ရေမြင့်တက် နေအိမ်တချို့ရေလွှမ်းမှုဖြစ်ပွား ကုလားတန်မြစ်ရေမြင့်တက် နေအိမ်တချို့ရေလွှမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.