မီဇိုရမ်တွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မိသားစု ထောင်ချီ အခက်ကြုံ


ခိုနှုမ်းသုန်သတင်း။ ၁၄ ဇွန် ၂၀၁၈

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ လမ်းအက်ကွဲခြင်း နှင့် အိမ်များပြိုကျခဲ့ပြီး မိသားစု ထောင်နဲ့ချီ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက် အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမူကြောင့် အခက်ကြုံတွေ့နေရ သည့် မိသားစုများကို သေချာစာရင်းမပြုစုရသေးသော်လည်း ထောင်နဲ့ချီရှိမယ်လို့ သိရပြီး လူသေလူပျောက် မရှိကြောင်း မီဇိုရမ် နေ့စဉ်ထုတ်သတင်းစာ The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုဒဏ် အဆိုးဆုံးကြုံတွေနေရသည့် မြို့နယ်မှာ Lunglei ခရိုင်ရှိ Tlabung ကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ နီးပါး ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

၎င်းအပြင် Lunglei ခရိုင်ရှိ Serhuan, Tippereghat, Lamthai, silkur, Thekaduar, Bindasora, Nunsuri I, Nunsuri II နှင့် Malsuri ကျေးရွာများရှိ အိမ်ခြေ ၅၀၀ ကျော်မှာလည်း လုံခြုံရာသို့ ပြောင်းရွေးခဲ့ရသည်။

အလားတူ မီဇိုရမ်ပြည်နယ် Tlawng ချောင်းရေမြှင့်တက်မှုကြောင့် Sairang ကျေးရွာရှိ အိမ်ခြေ ၁၀ ကျော်မှာလည်း ဘေးကင်းရာသို့ ပြောင်းရွေ့ခဲ့သည့်အပြင် မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် မြေပြိုမှု၊ အိမ်ပြိုကျမှု နှင့် ကားလမ်းများ အက်ကွဲမှုကြောင့် ပြည်သူများ အတော်လေး အခက်ကြုံတွေ့နေရကြောင်း ထပ်မှန်သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
မီဇိုရမ်တွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မိသားစု ထောင်ချီ အခက်ကြုံ မီဇိုရမ်တွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မိသားစု ထောင်ချီ အခက်ကြုံ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.