(Photo: MOI) |
ဗိုလ်ချုပ် မောင်မောင်စိုးဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်စဉ်အတွင်း ၂ဝ၁၆ အောက်တိုဘာလ ၉ ရက်နဲ့၊ ၂ဝ၁၇ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ARSA အကြမ်းဖက်သမားတွေအပါအဝင် ဘင်္ဂါလီအကြမ်းဖက်လူအုပ်စုကြီးရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအပေါ် သတင်းလက်ဦးမှုရယူပြီး စီမံဆောင်ရွက်နိုင်မှု အားနည်းတာ၊ နယ်မြေရှင်းလင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားနည်းတာ၊ အကြမ်းဖက်ဖြစ်စဉ်အတွင်း နယ်မြေခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကူအညီ ရရှိရေးအတွက် ကြိုတင်စီမံမှုအားနည်းတာ၊ စတဲ့အချက်တွေကြောင့် ၂ဝ၁၈ ဇွန်လ ၂၅ ရက်၊ ဒီနေ့မှာ တပ်မတော်ကနေ နုတ်ပယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူဖြစ်စဉ်တွေအတွင်း အထိုက်အလျောက် တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကို တခြားတာဝန်တစ်ခုကို လွှဲပြောင်းထမ်းဆောင်စေခဲ့ပေမယ့်၊ ကျန်းမာရေးချို့ယွင်းမှုကြောင့်
၂ဝ၁၈ မေလ ၂၂ ရက်နေ့မှာ တပ်မတော်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်ကနေ ထုတ်ပယ်
Reviewed by THITHTOOLWIN
on
09:25
Rating: