မြောင်းမြ - မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ကွယ်လယ် ပြည်တော်သာကူးတို့ ဆိပ်တွင် မေလ ၂၃ ရက်ေ်န့ နံနက်၌ အရက်သေစာသောက်စားထားသူ တစ်ဦး ရွှေပြည်သစ်စက်လှေပေါ်သို့  တက်စဉ် ရေထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
သေဆုံးသူသည် ကွယ်လယ်မြစန္ဒာရပ်ကွက်တွင် နေထိုင်ပြီး ကူးတို့ စက်လှေပေါ်လှမ်းတက်ရာတွင် ခြေချော်၍ ရေထဲပြုတ်ကျပြီး မြောင်းမြမီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ၂နာရီ အတွင်း အလောင်းဆယ်ယူနိင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာဦးဝင်း(၄၂)နှစ် ဖြစ်ပြီး မြောင်းမြကရုဏာရှင်လူငယ်များ အသင်းကားဖြင့်မြောင်းမြဆေးရုံသို့ပိုဆောင်ပြီး မြောင်းမြရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်းမှ အမှုစစ်၍ တာဝန်ကျတာဝန်မှူးဒုရဲအုပ်ဝေလင်းက အမှုဖွင့် ထားကြောင်းသိရသည်။
မိုးစက် (မြောင်းမြ ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြောင်းမြမြို့နယ် ကွယ်လွယ်မြစန္ဒာရပ်ကွက်တွင် ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
20:26
Rating:
