ကသာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီး ကျေးရွာဟိန်းဝသာန်စက်သုံးဆီဆိုင်အနီးတွင် ယာဉ်တိုက်မှု့ဖြစ်ပွားရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၃၊ ၅၊ ၁၈ ရက်နေ့ညနေ ၂ နာရီအချိန်ခန့်တွင် အင်းတော်မြို့မရဲစခန်းမှ ဒုရဲအုပ်ဖြိုးသူကျော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှု့ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကျေး
ရွာ ဟိန်းဝသာန် စက်သုံးဆီဆိုင်အနီးတွင် ရွှေဘိုမြို့၊အမှတ်၂ ရပ်ကွက်နေ၊ ထွန်းလင်းဆိုသူမောင်းနှင်လာသောMDY 5L/---- ယာဉ်သည် ယာဉ်ကြောမှားပြီး ဝန်းသိုမြို့ မြကံသာရပ်နေ ကျော်မိုးသူမောင်းနှင်လာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် ကျော်မိုးသူဆိုသူသည်ရရှိ
သော ဒါဏ်ရာဖြင့် အင်းတော်မြို့  ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသဖြင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ထွန်းလင်း ဆိုသူအား အင်းတော်မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း ဒုရဲအုပ်ဖြိုးသူကျော်မှ ပြောပြသိရှိရသည်။
လူအောင်(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်မြို့နယ်တွင် ယာဉ်တိုက်မှု့ ဖြစ်ပွားရာ တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:22
Rating:
