ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား


 နေပြည်တော်၊ ဧပြီ ၂၂

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးမြို့၊ သံလျှက်မှော်အနောက် မင်းကုန်းရပ်နေ ဒေါ်ခင်မာဦး(၅၀)နှစ်သည် ဆိုင်ကယ်ဖြင့် မန္တလေးမှ မင်းကွန်း တိပိဋက ကျောင်းတိုက်သို့ ဆွမ်းကပ်ရန်မောင်းနှင်လာစဉ် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာအနီး ဝါးချက် ဆေးရုံတောင်ဘက်လမ်းအရောက်တွင် အမည်မသိလူ(၃)ဦးမှ ၃၀ယ/××××× ကန်ဘိုအနက်ရောင် ဆိုင်ကယ်ဖြင့် လိုက်လာပြီး ဒေါ်ခင်မာဦး၏ ဆိုင်ကယ်အား ချိတ်တိုက်ကာ ဆိုင်ကယ်လဲကျသွားစဉ် ၎င်း၏လက်အတွင်းရှိ ငွေကျပ်(၃၂၁,၃၀၀)ကျပ်နှင့် VIVO Y-15 လက်ကိုင်ဖုန်းတစ်လုံးတို့ ထည့်ထားသော ပိုက်ဆံအိတ်ကိုလုယူထွက်ပြေးသွားခဲ့သည်။

 ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်းကြားပြီး လိုက်လံဝိုင်းဝန်းရှာဖွေခဲ့ရာ ကိုင်းတောအတွင်းမှ စစ်ကိုင်းမြို့၊ ရွာတောင် ရပ်ကွက်နေ ပြည့်ဖြိုးအောင်(ခ)ဂျိုးမ(၁၇)နှစ်၊ တစ်ရပ်ကွက်တည်းနေ ပြည့်ဖြိုးအောင်(၁၆)နှစ်နှင့် တကောင်းရပ်ကွက်နေ ချစ်ဦးမောင်(၁၇)နှစ်တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ စစ်ကိုင်းမြို့မရဲစခန်း(ပ)၁၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.