အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအနီး ကားနှင့်ဆိုင်ကယ်တိုက်မိရာ လူနှစ်ဦးသေဆုံး

ပင်ဝယ်နှင့် မော်လူးကြားက ဆိုင်ကယ်သမား၂ဦးပွဲချင်းပြီးတဲ့ ယာဉ်တိုက်မှု။ ဓါတ်ပုံ - လူ​အောင်​ကသာ
အင်းတော် ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်ပင်ဝယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင်ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားရာမှလူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားရာမှလူနှစ်ဦးသေဆုံးခဲ့ကြောင်းသတင်းအရအင်းတော်မြို့နယ်ပင်ဝယ်ရဲကင်းမှစခန်းမှူးရဲအုပ်မင်းသိန်းထွန်းသည်အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာပင်ဝယ်ကျေးရွာအနီးရွှေဘိုမြစ်ကြီးနားကားလမ်းမိုင်တိုင်အမှတ်(၂၅၅ / ၅)နှင့်(၂၆၀)အကြား အရောက်တွင်မြောက်မှတောင်သို့ဦးသန်းဌေးမောင်းနှင်လာပြီးနောက်မှမစိုးစန္ဒာဦးလိုက်ပါလာသောKENBO125 ဆိုင်ကယ်နှင့်မင်းအေးစိုး မောင်းနှင်လာသောယာဉ်အမှတ်MDY-3F------လင်ခရူဆာအမျိုးအစား ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

ပင်ဝယ်နှင့် မော်လူးကြားက ဆိုင်ကယ်သမား၂ဦးပွဲချင်းပြီးတဲ့ ယာဉ်တိုက်မှု။ ဓါတ်ပုံ - လူ​အောင်​ကသာ
ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်မောင်းနှင်လာသူဦးသန်းဌေး (၅၂)နှစ်(ဘ)ဦးထွန်းမြတ် တောင်သူ နောင်ပင်ရွာကသာမြို့နယ် နေသူသည်ဝဲခြေဖမိုးကွဲရှဝဲဂျိုစောင်းပေါက်ပြဲ၊နှာခေါင်းသွေးထွက်၊ရင်ဘတ်ပွန်းပဲ့ဒဏ်ရာနှင့်မစိုးစန္ဒာဦ (၉)နှစ်(ဘ)ဦးသန်းဌေး ကျောင်းသူ နောင်ပင်ရွာကသာမြို့နယ်နေသူတွင်ယာနံရိုးကျိုး၊ဝဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး၎င်းတို့နှစ်ဦးသည်အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ယာဉ်အားမဆင်မခြင်မောင်းနှင်သူမင်းအေးစိုး (၃၈)နှစ်(ဘ)ဦးချွန်း အမှတ်၃၄/Bအနီးလသာလမ်း(၁၅)ရပ်ကွက် ရန်ကင်းမြို့နယ်ရန်ကုန်မြို့နေသူနှင့်ဦးသန်းဌေး တို့အား အင်းတော်မြို့နယ်မော်လူးရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအနီး ကားနှင့်ဆိုင်ကယ်တိုက်မိရာ လူနှစ်ဦးသေဆုံး အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအနီး ကားနှင့်ဆိုင်ကယ်တိုက်မိရာ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.