ဘားအံမြို့နယ်တွင် ယာဉ်တိမ်းမှောက် ၆ ဦးသေ၊ ၄ ဦးဒဏ်ရာရရှိ


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယနေ့ (ဧပြီလ ၁၄ ရက်) ၀၀း ၅၅ နာရီ အချိန် က အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


ဖြစ်စဉ်မှာ ယနေ့ ၀၀း၅၅ အချိန် ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ ဇွဲကပင်-နောင်လုံကားလမ်း၊ ဓဝေဘုရားကျောင်းအနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးအိုင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နောင်လုံ တောင်ကြားလမ်းအတိုင်း ဘားအံဘက်မှ အိန္ဒုဘက်သို့ ဘားအံမြို့နယ်၊ တလန်ကျေးရွာနေ စောကျော်ဘမောင်(ခ)မောင်ပဲ့ မောင်းနှင်သည့် 3K/×××× NAVARA အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း စောကျော်ဘမောင် (ခ)မောင်ပဲ့ နှင့် သန်းနိုင်ဦး ပါ(၅)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားပြီး စောအလူ ပါ(၄)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း စောကျော်ဘမောင်(ခ)မောင်ပဲ့ အား ထုံးအိုင်နယ်မြေရဲစခန်းယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဓါတ်ပုံ - Marga Ambulance & Rescue Service
သစ်ထူးလွင်

ဘားအံမြို့နယ်တွင် ယာဉ်တိမ်းမှောက် ၆ ဦးသေ၊ ၄ ဦးဒဏ်ရာရရှိ ဘားအံမြို့နယ်တွင် ယာဉ်တိမ်းမှောက် ၆ ဦးသေ၊ ၄ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.