ချင်းတွင်းသောင်ပြင်ဇက်ဆိပ်တွင် ရေဆင်းချိုးသော လူငယ်တစ်ဦးရေနစ် သေ


မုံရွာ၊ဧပြီ-၁၄

မုံရွာမြို့ ချင်းတွင်း သဲသောင်ပြင် ဇက်ဆိပ် ရေဆိပ်တွင် ရေဆင်းချိုးသော လူငယ်တစ်ဦးရေနစ်သေဆုးံမှု ဧပြီ ၁၄ရက်သင်္ကြန် အကျနေ့ နံနက် ၁၁နာရီ ၂၀ခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြို့မ ရဲစခန်းမှ သတင်းရရှိသည်။

ရေနစ်သေဆုးံသောလူငယ်မှာ မြင်းခြံမြို့နယ် ဒုးံတင် ရွာနေ သန့်ဇင်ဦး ၈တန်းကျောင်းသားဖြစ်ပြီး မုံရွာသင်္ကြန်သို့ လာရောက်လည်ပတ်သူဖြစ်ကြောင်း သိရသည်။

"ချင်းတွင်းသင်္ကြန် beach zone အပြင်ဘက်မှာဖြစ်တာပါ၊beach zone ထဲကဖြစ်တာမဟုတ်ဘူး၊၂ယောက်ရေနစ်နေတာ၊ မီးသတ်က တစ်ယောက်ကိုကယ်နိုင်တယ်၊ ခုသေတဲ့ကလေးကိုလည်း ရှာတွေ့တော့ ရှေးဦးသူနာပြု နည်းနဲ့ပြုစုပြီးဆေးရုံပို့တယ်။ဆေးရုံရောက်ပြီးသေတာ" ဟု ချင်းတွင်းသင်္ကြန် လုံခြုံရေး စခန်း မှ ဒုတိယရဲမှူးကြီး သန်းဝင်း ကပြောသည်။

သေဆုးံသူနှင့်အတူပါလာသူများအားရဲတပ်ဖွဲ့မှ စစ်ဆေးပြီး မုံရွာမြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်နေဇော်မှ တရားလိုလုပ်ကာ သေမှုသေခင်း ၅/၂၀၁၈ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Monywa Gazette
https://www.facebook.com/monywagazette/
ချင်းတွင်းသောင်ပြင်ဇက်ဆိပ်တွင် ရေဆင်းချိုးသော လူငယ်တစ်ဦးရေနစ် သေ ချင်းတွင်းသောင်ပြင်ဇက်ဆိပ်တွင် ရေဆင်းချိုးသော လူငယ်တစ်ဦးရေနစ် သေ Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.