ပဲခူးတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်၍ ဦးခေါင်းမီးရှို့ခဲ့သူများအား ဖမ်းဆီးရမိ

 ယာဉ်မောင်း မင်းကိုသက်(ခ)ပြောင် ကြီး၊ ဓါတ်ပုံ - facebook
ပဲခူးမြို့၊ ဝါးမရမ်းကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုး၍ ဦးခေါင်းကို မီးရှို့သတ်ခဲ့သူများအား ရဲတပ်ဖွဲ့က ဆိုင်ကယ်ကယ်ရီသမားအသွင်ယူ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှ သိရှိရသည်။

ဝါးမရမ်းကျေးရွာ၊ အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေယာဉ်ကွင်းစီမံကိန်းအနီး ဧပြီ ၆ ရက်၊ နံနက်(၆)နာရီခန့် က အမျိုးသမီးတစ်ဦးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဓားဒဏ်ရာများနှင့် ဦးခေါင်းမီးရှို့ခံထားရပြီးသေဆုံးနေသည် ကို ရဲတပ်ဖွဲ့က တွေ့ရှိပြီးနောက် ပြစ်မှုကျူးလွန်သူများအား စုံစမ်းခဲ့ခြင်းဖြစ်သည်။
 ပြည့်စုံ(ခ)ဖြိုးဝေ၊ ဓါတ်ပုံ - facebook
အမျိုးသမီးမှာ ရှင်ဆောင်းအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် အသက်(၃၅)နှစ်အရွယ် အလုပ်သမားတစ် ဦးဖြစ်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူမှာ စက်ရုံမှ ယာဉ်မောင်း(၂)ဦးကို မသင်္ကာရာမှ ဆိုင်ကယ် ကယ်ရီသမားအသွင်ထောက်လှမ်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့စုံစမ်းကြည့်တော့ လူသတ်တရားခံကို ကျွန်တော်တို့သိသွားတယ်။ အဲ့ဒီနေရာစုံစမ်းတော့ သူတို့ က မနေတော့ဘူး။ ယူနီဖောင်းမြင်တိုင်းထွက်ပြေးနေတာ သတိထားမိတယ်။ ဒီကောင်တွေက စက်ရုံကားမောင်း တဲ့သူတွေလေ။ အဲဒီတော့ ကျွန်တော်တို့ အရပ်ဝတ်နဲ့ ဆိုင်ကယ်ကယ်ရီသမားအယောင်ဆောင်ပြီး စောင့်ကြည့် ဖမ်းဆီးလိုက်တာပါ။ သူတို့ကိုစစ်ဆေးကြည့်တော့ သူတို့ဝန်ခံပြီး ကောင်မလေးဆီကယူဆောင်ထားတဲ့ ရွှေ၊ ငွေ တွေ ပြန်ရပါတယ်။ လူမှုရေးကြောင့်သတ်ရတယ်လို့သိရတယ်။ တရားစွဲဆိုနိုင်ရေးအတွက် ဆောင်ရွက်နေပါ တယ်။”ဟု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဆန်းဝင်းသန်းက ပြောသည်။

အထည်ချုပ်စက်ရုံအလုပ်သမားအမျိုးသမီးအား သတ်ဖြတ်သူဟုယူဆရသူ ယာဉ်မောင်း မင်းကိုသက်(ခ)ပြောင် ကြီး၊ အသက်(၂၅)နှစ်နှင့် ပြည့်စုံ(ခ)ဖြိုးဝေ၊ အသက်(၂၇)နှစ်တို့အား ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်၊ နံနက်(၇း၀၀)နာရီတွင် ပဲခူးမြို့၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့(၂)ဦးအား ပဲခူးမြို့ အမှတ်(၃)ရဲစခန်းက (ပ)၂၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်၍ ဦးခေါင်းမီးရှို့ခဲ့သူများအား ဖမ်းဆီးရမိ ပဲခူးတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်၍ ဦးခေါင်းမီးရှို့ခဲ့သူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 14:44 Rating: 5
Powered by Blogger.