ပြည်တော်ပြန် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား မီးလောင်


9April 2018

သင်္ကြန်ကာလ မြန်မာနိုင်ငံကိုပြန်ကြမယ့် မြန်မာအလုပ်သမားတွေ တင်းဆောင်လာတဲ့ ဗင်ကားတစီးဟာ တပ်ပြည်နယ် ၀မ်ကြောက်ခရိုင်အမှတ်(၁) အဝေးပြေးလမ်းမ ပေါ်မှာ ဒီကနေ့ နံနက်ပိုင်းက မီးလောင်ခဲ့ကြောင်းသိရပါတယ်။

ဘန်ကောက် မြို့ ပါတာဘင်ကောက် ကုန်တိုက်ကြီး ကနေ မဲဆောက်မြို့ ကို မောင်းလာတဲ့ လိုင်စဉ်နံပါတ် 15-8690 ကားပေါ်မှာ မြန်မာနိုင်ငံသားအမျိုးသား(၇)ဦးနဲ့ အမျိုးသမီး
(၇)ဦးတို့ လိုက်ပါလာခဲ့ကြပါတယ်။


ကားဆီပိုက်ပေါက်ပြီး မီးစလောင်တာလို့  သိရပါတယ်၊ ကားတစီးလုံးမီးမလောင်ခင်အချိန် ကားပေါ်မှာ လိုက်ပါလာသူ မြန်မာနိုင်ငံသားရော ကားမောင်သူပါ ကားထဲက လွတ်မြောက်သွားပြီး အသက်ဘေးကနေ အားလုံးလွတ်မြောက်သွားခဲ့ကြောင်း အာစီယမ်သတင်းမှာဖေါ်ပြထားပါတယ်။

ယခုဖြစ်ပွားတဲ့မီးလောင်မှုနဲ့ ပါတ်သက်ပြီး မဲဆောက်မြို့ ပိုင်နဲ့  ခရီးသွားပို့ ဆောင်ရေး
ကုပဏီ တို့ က သွားရောက်စစ်ဆေးနေကြကြောင်းသိရပါတယ်။

Social Action for Children and Women - SAW
Credit AEC news
ပြည်တော်ပြန် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား မီးလောင် ပြည်တော်ပြန် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား မီးလောင် Reviewed by THITHTOOLWIN on 14:44 Rating: 5
Powered by Blogger.