ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား


ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက အပြည်ပြည်ဆိုင်ရာအနေနဲ့ မြန်မာနိုင်ငံ ရိုဟင်ဂျာမူစလင်တွေကို ပြန်ပြီးလက်ခံရေးအတွက် ပိုပြီးဖိအားပေးသင့်တယ်လို့ အင်္ဂါနေ့က လန်ဒါန်မြို့မှာပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက လူထုပရိတ်သတ်ကိုပြောဆိုရာမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံရမှာဖြစ်သလို သူတို့လုံခြုံရေးကိုလည်း အာမခံချက်ပေးရမယ်လို့ ပြောပါတယ်။

မြန်မာအနေနဲ့ ဒုက္ခသည်တွေကိုပြန်လက်ခံဘို့ အသင့်ဖြစ်ပြီလို့ ပြောပေမဲ့ လက်တွေ့မှာ အကောင်အထည်မပေါ်သေးဘူးလို့ဆိုပါတယ်။ ဘင်္ဂလာဒေ့ခ်ျဘက်က ပြန်လာဘို့ လူ၈၀၀၀ အမည်စာရင်းကို ပေးပို့ထားပေမဲ့ သူတို့ကိုပြန်လက်ခံဘို့ ငြင်းဆိုထားတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်နိုင်ငံနယ်စပ်က လူငါးဦးပါ မိသားစုတစုပြန်လည်ဝင်ရောက်လာတယ်လို့ မြန်မာဘက်က ပြောပါတယ်။ဒါဟာ ကမ္ဘာကို သူတို့ပြန်လည်လက်ခံနေတယ်ဆိုတာပြချင်ပုံရပါတယ်။ ဒါကောင်းတဲ့ အလားအလာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် မိသားစုတစုထဲ လက်ခံတာလဲ ဆိုတာ မေးစရာဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.