ဟင်္သာတ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံး

ရုတ်တစ်ရက်လေပြင်းတိုက်မှုကြောင့် နေအိမ်အမိုးများလန်မှုနှင့် ပြိုကျပျက်စီးမှုများဖြစ်ပွား
ဟင်္သာတ ဧပြီ ၁၉

ဟင်္သာတမြို့နယ်၌ ဧပြီ ၁၈ ရက် ညနေ ၅ နာရီ အချိန်ခန့်က ရုတ်တစ်ရက်လေပြင်းများ တိုက်ခတ်ပြီး နေအိမ်အမိုးလန်မှုနှင့် နေအိမ်အချို့ပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၇ ရွာတွင် အိမ်ခြေ ၂၀၄ လုံးခန့် အမိုးလန်ခြင်းနှင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်ထံမှသိရသည်။

ကျွန်တော်တို့ရှီမှာ မနေ့ကညနေကတည်းက လေကတစ်ချက် တစ်ချက် စောင့်တိုက်နေတာ ဒီနေ့ကျတော့ ညနေ ၃ နာရီလောက်ကတည်းက မိုးအုံ့ပြီး မှိုင်းနေတာလေ ညနေစောင်းလည်းကြရော လေပြင်းကတစ်အားဖိတိုက် ပီးတော့မိုးကလည်းရွာတော့ သစ်ပင်လဲတာတွေ အမိုးလန်တာတွေ ပြိုကျတာတွေဖြစ်သွားကြောင်း ပဲကြီးကျွန်းကျေးရွာအုပ်စု လက်ပံစုကျေးရွာမှ ကိုဇော်မင်းသိန်းက ပြောသည်။

အလားတူလေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နေအိမ်အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးမှုများဖြစ်ပွား ခဲ့ကြောင်းသိရပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်မှုနှင့် နေအိမ်ပျက်စီး ဆုံးရှုံးမှုစာရင်းများအား သက်ဆိုင်ရာဌာနများက မှတ်တမ်းများကောက်ယူလျှက်ရှိကြောင်းသိရှိရပါသည်။

ကျော်ကျော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဟင်္သာတ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံး ဟင်္သာတ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.