အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ တရားခံအား အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ်ချမှတ်


ရန်ကုန်၊ ဧပြီ ၁၉

အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ သာကေတနယ်မြေရဲစခန်း(ပ)၃၈၃/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အမှုမှ တရားခံဖြစ်သူ သက်ဇော်ဝေအား အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ
အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်တို့အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၁.၄.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဒေါ်---၏ သမီး ဖြစ်သူ မ------၊ (၁၄)နှစ်မှာ သူငယ်ချင်းဖြစ်သူ နေထိုင်သော သုံးခွမြို့နယ်သို့ အလည်လိုက်သွားခဲ့ကြောင်း၊ ၁၂.၄.၂၀၁၇ရက်နေ့တွင် သမီးဖြစ်သူမှာ နေအိမ်ပြန်လည်ရောက်ရှိ လာခြင်း မရှိသဖြင့် သုံးခွမြို့နယ်ရှိ ၎င်း၏ သူငယ်ချင်းဖြစ်သူထံ ဖုန်းဆက်မေးမြန်းခဲ့ရာ ပြန်သွားပြီးဖြစ်ကြောင်းသိရသဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း၊ ၁၇.၄.၂၀၁၇ ရက်နေ့ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်ရှိ သက်ဇော်ဝေ၏နေအိမ်တွင်တွေ့ရှိရ သဖြင့်နေအိမ်သို့ပြန်၍ခေါ်လာခဲ့ကြောင်း၊ ၎င်းမှ သမီးဖြစ်သူအား ဖြစ်စဉ်နှင့် ပတ်သက်၍မေးမြန်းခဲ့ရာ ၁၂.၄.၂၀၁၇ ရက်နေ့တွင် သက်ဇော်ဝေမှ သာကေတမြို့နယ်၊ အ၀ိုင်းထိပ်သို့လာခဲ့ရန် ဖုန်းဆက်ချိန်းဆို သဖြင့် သွားရောက် ခဲ့ပြီး သာကေတမြို့နယ်၊ ကမာကြည်တံတားအနီး တည်းခိုးခန်းတစ်ခုတွင် သက်ဇော်ဝေနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်း နေထိုင်သူ သက်ဇော်ဝေ၊ (၃၇)နှစ်အား အရေးယူပေးရန် မိခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သာကေတနယ်မြေ ရဲစခန်းတွင်အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သော
အမှုဖြစ်ကြောင်း သိရသည်။

Yangon Police
https://www.facebook.com/yangonpolice/
အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ တရားခံအား အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ်ချမှတ် အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ တရားခံအား အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ်ချမှတ် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.