ကန် စုံစမ်းရေးအဖွဲ့ ဒုက္ခသည်စခန်းတွေမှာ စစ်ဆေးနေ


အမေရိကန်အစိုးရစေလွှတ်တဲ့ စစ်ဆေးရေးအဖွဲ့တခုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ရောက်ရှိနေပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို အသေးစိပ် မှတ်တမ်းတင်နေတယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတွေက ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့ မနေ့က သီးသန့် ပြောကြားခဲ့ပါတယ်။

စုံစမ်းမေးမြန်းလို့ ရရှိတဲ့ အထောက်အထားတွေကို မြန်မာ့တပ်မတော် အရာရှိတွေအပေါ် လူသားဖြစ်တည်မှုဆန့်ကျင်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုရာမှာ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၂ဝ ခန့်ပါဝင်တဲ့ ဒီအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေကို မတ်လ နဲ့ ဧပြီလ ၂ လကြာ ပြုလုပ်နေတာပါ။ ဒီနေ့အထိ ဒုက္ခသည် တထောင်ကျော်ကို မေးမြန်းခဲ့ပြီဖြစ်ပြီး တွေ့ရှိချက်တွေကို မေလ သို့မဟုတ် ဇွန်လ ဆန်း ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာနကို အစီရင်ခံတင်ပြပါလိမ့်မယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကန် စုံစမ်းရေးအဖွဲ့ ဒုက္ခသည်စခန်းတွေမှာ စစ်ဆေးနေ ကန် စုံစမ်းရေးအဖွဲ့ ဒုက္ခသည်စခန်းတွေမှာ စစ်ဆေးနေ Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.