နမ္မတီး ဇွပ်မိုင်ယန် စစ်ရှောင်များ ကို သွားရောက်ခေါ်ယူ


KNG/ April 22, 2018

နမ္မတီးမြို့ ကဆုန်းကျေးရွာဘက် တိုက်ပွဲကြောင့် တောထဲ ၃ ရက် ထွက်ပြေိးလမ်းလျှောက်ခဲ့ရသော ဇွပ်မိုင်ရွာသားများကို ယနေ့ ဧပြီ ၂၂ ရပ်နေ့ တွင် မြစ်ကြီးနားမြို့နယ် ခရစ်ယာန် ဂိုဏ်ပေါင်းစုံအဖွဲ့က နမ်ကျင် လယ်တောမှ သွားရောက်ကြိုခဲ့သည်။

“တပ်မတော် ပစ်ခတ်လိုက်သောလက်နက်ကြီးတွေ ကျတော်တို ရွာ အနီးတစ်ဝိုက် အများကြီးလာကျတယ်။ ကျွန်တော်တို့ မနည်းထွက်ပြေးလာခဲ့ရတယ်။ တောတောင်တွေထဲ ကုတ်ပြီးသွားလာခဲ့ဲ့ရတယ်” ဟု စစ်ရှောင်တစ်ဦး ပြောပြပါသည်။

လူဦးရေ (၁၇၆)ခန့်  ရှိသော Zup Mai ရွာမှ စစ်ပြေးဒုက္ခသည်များကို နမ်ကျင် RC ဘုရာကျောင်းထဲ ယနေ့ ခေတ္တ အနားယူစေပြီး လဝက အဖွဲ့ လူဦးရေ စီစစ်မှုပြုလုပ်ခဲ့ပါသည်။

ထို့နောက် စစ်ရှောင်များကို နမ္မတီးမြို့ ကတ်သလစ် ဘုရားကျောင်းဝင်းထဲ နေရာချ နေထိုင်သွားမှာဖြစ်ကြောင်း သိရပါသည်။

ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ခေါင်ဆောင်များ၊ လူမှုအဖွဲ့ အစည်းများ နှင့် PCG များ စုစုပေါင်း ကား ၁၅ စီးဖြင့်သွားရောက် ကြိုခဲ့သည်။

Photo- Kachin News Group (KNG)
Kachin News Group
https://www.facebook.com/theKachinNews
နမ္မတီး ဇွပ်မိုင်ယန် စစ်ရှောင်များ ကို သွားရောက်ခေါ်ယူ နမ္မတီး ဇွပ်မိုင်ယန် စစ်ရှောင်များ ကို သွားရောက်ခေါ်ယူ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.