တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေ သဖြင့် အနီးမှရွာသားများ ထွက်ပြေး တိမ်းရှောင်


မြစ်ကြီးနား၊ ဧပြီ ၂၂

လွန်ခဲ့သည့် နှစ်ရက်ခန့်က ဖြစ်ပွားသည့် မြန်မာ့တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲမှ လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသဖြင့် ယင်းဒေသတဝိုက်တွင်နေထိုင်သော မိုးကောင်းမြို့နယ် ဆွတ်မိုင်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။


စွတ်မိုင်ကျေးရွာမှာ ဒေသခံ ၁၇၆ ဦးတို့သည် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်းသိရပြီး နန်ကျင်ကက်သလစ်အသင်းတော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲခန့်က ရောက်ရှိခဲ့ကြောင်း နန်ကျင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသိရသည်။


စစ်ရှောင်ပြည်သူများသည် ယင်းကျေးရွာသို့ရောက်ရှိရန်အတွက် လမ်းခရီးတွင် နှစ်ညအိပ် လမ်းလျောက်ခဲ့ရကာ ယနေ့နံနက် ၈ ခွဲအချိန်ခန့်က နောင်ရာပါရွာမှ နန်ကျင်သို့ လာရောက်ခဲ့ခြင်းဖြစ်ကြာင်း သားသမီး လေးယောက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်လာသူ ဒေါ်လုတောင်ကပြောသည်။

၎င်းတို့အား မြစ်ကြီးနားမြို့နယ် ကက်သလစ် ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာ ပီတာ ခါးအောင်တူးက ဦးဆောင်၍ ကြိုဆိုခေါ်ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနား မြို့နယ် လဝကမှ မိသားစုလိုက် ဓာတ်ပုံများနှင့်တကွ အိမ်ထောင်စုစာရင်း ကောက်ယူခဲ့ကြောင်း၊ စစ်ရှောင်များကို နမ္မတီးသို့ ဆက်လက်ပို့ဆောင်သွား မည်ဖြစ်ကြောင်းလည်းသိရသည်။

မွန်းမွန်းပန်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေ သဖြင့် အနီးမှရွာသားများ ထွက်ပြေး တိမ်းရှောင် တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေ သဖြင့် အနီးမှရွာသားများ ထွက်ပြေး တိမ်းရှောင် Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.