ရေပတ်ခံမဏ္ဍပ်တွင် စကားများရန်ဖြစ်ပြီး ခဲဖြင့်ထုထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ


မန္တလေး၊ ဧပြီ ၁၆

၁၄-၄-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီအချိန် ကိုနိုင်နိုင်အောင် ၃၁ နှစ်၊ မဟာ/အရှေ့ရပ်ကွက်၊ မဟာအောင်မြေမြို့ နယ်နေသူသည် ၎င်းပါ ၁၄ ဦးအားတင်ဆောင်၍ မော်တော်ယာဉ်ဖြင့် သင်္ကြန်လည်ပတ်စဉ် အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၂x၂၃ လမ်း ကြားအရောက်၌ ကားကြပ်နေသဖြင့် ရှေ့တွင်ရပ်ထားသည့် ဂျစ်ကား အားကျော်တက်၍ ၈၀x၂၂ လမ်းထောင့်တွင်ရပ်ထားစဉ် အဆိုပါ ဂျစ်ကားမှ အမည်မသိ ၇ ဦးခန့်ဆင်းလာကာ ဆဲဆိုကြိမ်းဝါးပြီး အမျိုးသားတစ်ဦးမှခဲနှင့်ထုသဖြင့် ကိုနိုင်နိုင်အောင်၏တူဖြစ်သူ ထွန်းမင်းမြတ် ၁၃ နှစ်၏ မျက်နှာသို့ထိမှန်ပြီး နှာခေါင်းရိုး/ပါးရိုးကျိုးဒဏ်ရာများရရှိသဖြင့် အောင်မြေသာစံမြို့မရဲစခန်း (ပ)၁၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၆ အရ အမှုဖွင့်ခဲ့သည်။

 အောင်မြေသာစံမြို့မရဲစခန်းမှူး ဒုရဲမှူး မိုးသူ နှင့်အဖွဲ့၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်တို့ ပါဝင်သည့်အဖွဲ့သည် အမှုနှင့်ပတ်သက်၍ ကျူးလွန်သည့်ယာဉ်မောင်းနှင့် ယာဉ်အားစုံစမ်းခဲ့ရာ ယာဉ်မောင်းမှာ တရုတ်ကြီး(ခ)ဆံရှည်၊ ပုလင်းဝင်းရပ်၊ အောင်မြေသာစံမြို့နယ် နေသူဖြစ်ကြောင်းနှင့် ယာဉ်မှာ ၈ခ/xxxx ဂျစ်ကား တို့ဖြစ်ကြောင်းသိရှိရသဖြင့် တရားခံဖမ်း ဆီးရမိရေးစုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ မော်တော်ယာဉ် ပိုင်ရှင် ဇော်မင်းထွန်း(ခ)ဆံရှည်(ခ)တုတ်ကြီး ၃၃ နှစ်၊ ရွှေပြည်အေးရပ်ကွက်၊ အောင်မြေသာစံမြို့နယ် နေသူများအား အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊ ၈၇x၈၈လမ်းကြား၊ အောင်မြေသာစံရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းမှ ဖမ်းဆီးရမိခဲ့သည်။

၎င်းအားစစ်မေးရာ ၂၂x၈၀လမ်း၊ (ကျုံးအနောက်ဖက်)ရေပက်မဏ္ဍပ်တွင် ၄င်းတို့ရပ်ထားသည့် ကားအနောက်ဘက်ရှိ အဖြူရောင်ကားပေူမှလူငယ်(၁)ဦးမှ ၄င်းတို့အား ဆဲဆိုရာမှပြဿနာဖြစ် ခဲ့ကြောင်း ၄င်းတို့ကားပေါ်တွင် ပါလာသည့် ကျော်ထက်ဟန်(ခ)ကျော်ကြီး(ခ)ကိုကြီးမှ လမ်းဘေးတွင်တွေ့ရှိသော ကျောက်ခဲတုံးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ဆက်လက်၍ ချမ်းမြသာစည်မြို့နယ် ဧရာထွန်းတိုက်တန်း အဆောင်(၁) တောင်ဘက် အကွက်အမှတ်(စ/၅၆)တွင်နေထိုင်သူ အောင်မျိုးမင်း၊ ၁၉ နှစ်အား ည ၁၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုတွင်ပါဝင်သည့် ကျန်ရှိတရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
ရေပတ်ခံမဏ္ဍပ်တွင် စကားများရန်ဖြစ်ပြီး ခဲဖြင့်ထုထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ ရေပတ်ခံမဏ္ဍပ်တွင် စကားများရန်ဖြစ်ပြီး ခဲဖြင့်ထုထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.