ရိ​ခေါဒါရ်​မြို့ တွင် ​မီး​လောင်​မှု ဖြစ်ပွား


ရိ​ခေါဒါရ်​ ဧပြီ ၁၆

ချင်းပြည်​နယ်​၊ ရိ​ခေါဒါရ်​မြို့ အမှတ်​(၂)ရပ်​ကွက်​၊ မြန်​မာ-အိန္ဒိယနယ်​စပ်​တံတားအနီးရှိ လူ​နေအိမ်​ (၈)လုံးကို ဧပြီ ၁၆ ည​နေ ၄ နာရီ ၁၀ မိနစ်​တွင်​ မီး​လောင်​ကျွမ်းမှုဖြစ်​ပွား​ကြောင်း သိရသည်​။

လူ​နေအိမ်​မီး​လောင်​ကျွမ်းမှုတွင်​ နယ်​စပ်​ကုန်​သွယ်​​ရေးဌာနပိုင်​အ​ဆောက်​အဦး အပါအဝင်​ နံကပ်​နှစ်​ထပ်​အ​ဆောက်​အဦး (၆)လုံး၊ တစ်​ထပ်​အ​ဆောက်​အဦး (၂)လုံးအား ​လောင်​ကျွမ်းခဲ့ခြင်းဖြစ်​ပြီး အဆိုပါမီး​လောင်​ကျွမ်းမှု​ကြောင့်​ မငွန်​ရှန်းစီ (သက်​ ၁၇/၂၀၁၈)(ဘ) ဦးဗျက်​အုပ်​အား ပြင်းထန်​ဒဏ်​ရာရရှိပါသဖြင့်​ ရိ​ခေါဒါရ်​တိုက်​နယ်​​ဆေးရုံတွင်​ အတွင်းလူနာအဖြစ်​ ​ဆေးဝါးကုသ​ပေး​ကြောင်း၊​ မီး​လောင်​မှုအား မည်​သူ့​နေအိမ်​၊ မည်​သည့်​အ​ကြောင်း​ကြောင့်​ စတင်​​လောင်​ကျွမ်းခြင်းနှင့်​ ဆုံးရှူံးမှုတန်​ဖိုးများကို စိစစ်​​နေဆဲဖြစ်​​ကြောင်း သိရသည်​။


အဆိုပါမီး​လောင်လာ​နေရာသို့ ရိ​ခေါဒါရ်​တပ်​စခန်းမှ ​ရှေ့တန်းတပ်​ရင်း ခလရ (၂၆၈)မှ တပ်​ရင်းမှူး ဒုတိယဗိုလ်​မှူးကြီး ကြည်​ဇော်​​ချို အပါအဝင်​ အရာရှိ (၄)ဦး၊ တပ်​ဖွဲ့ဝင်​ (၁၀)ဦး၊ မြို့အုပ်​ချုပ်​​ရေးမှူး ဦးကျင်​လမ့်​ခိုင်​၊ မီးသတ်​ဦးစီးမှူး ဦး​အောင်​ကိုလတ်​ အပါအဝင်​ တပ်​ဖွဲ့ဝင်​ (၆)ဦး၊ မီးသတ်​ယာဉ်​ (၁)စီး၊ ​ရေသယ်​ယာဉ်​ (၁)စီး၊ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့များ၊ ဌာနဆိုင်​ရာများ နှင့်​ ရပ်​ကွက်​လူငယ်​ပြည်​သူ အင်​အား (၂၀၀)ခန့်​ဖြင့်​ မီးငြိမ်းသတ်​ခဲ့၍ ည​နေ ၄ နာရီ ၅၀ မိနစ်​တွင်​ မီးကျိုးငြိမ်းနိုင်​ခဲ့ပြီး ည​နေ ၅ နာရီတွင်​ မီး​လုံးဝငြိမ်းသွားခဲ့သည်​။

မီး​လောင်​ကျွမ်းမှုကိစ္စအား သက်​ဆိုင်​ရာဌာနများမှ စိစစ်​ဆဲဖြစ်​ရာ အ​ခြေအ​နေအ​သေးစိတ်​ကို ဆက်​လက်​တင်​သွားပြပါမည်​။

ရိ​ခေါဒါရ်​ ပြန်​/ဆက်
ဦးလာလ်​ပက်​​လောမ်​ (ဒုတိယဦးစီးမှူး)
ရိ​ခေါဒါရ်​မြို့ တွင် ​မီး​လောင်​မှု ဖြစ်ပွား ရိ​ခေါဒါရ်​မြို့ တွင် ​မီး​လောင်​မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.