ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်စားမှုနဲ့ တရားစွဲခံရ


တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်စားမှုတွေနဲ့ တရားစွဲလိုက်ပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ သမ္မတတာဝန်ယူခဲ့ချိန်က လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အခွန်ရှောင်မှုတွေနဲ့ တရားစွဲလိုက်ပြီလို့ နိုင်ငံတော်ရှေ့နေတွေက ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သူ့ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ဖမ်းလိုက်ပေမယ့်၊ သူက စစ်ဆေးခံဖို့ငြင်းဆိုနေပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အမှားမကျူးလွန်ခဲ့ဖူး၊ ဒါဟာ နိုင်ငံရေးလက်စားချေမှုဖြစ်တယ်လို့ ခုခံပြောဆိုပါတယ်။

ဒါပေမဲ့သူ့အနေနဲ့ ဒီပြစ်မှုတွေကျူးလွန်တယ်လို့ တရားရုံးကဆုံးဖြတ်ရင် ထောင်ဒဏ် တသက်တကျွန်း ကျခံရဖွယ်ရှိနေပါတယ်။ တရားရုံးစစ်ဆေးကြားနာမှုကို နောက်လမှစတင်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်စားမှုနဲ့ တရားစွဲခံရ ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်စားမှုနဲ့ တရားစွဲခံရ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.