အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဆေးရုံက ဆရာဝန်တဦးကို လူနာမှားပြီးခွဲစိပ်မှုအတွက် တာဝန်က ဖယ်ရှားလိုက်ကြောင်း သက်ဆိုင်ရာက အင်္ဂါနေ့မှာ ထုတ်ဖေါ် ပြောကြားပါတယ်။
အဲဒီ ခွဲစိပ်ဆရာဝန်ဟာ ကားမတော်တဆမှုတခုမှာ ဦးခေါင်းဒဏ်ရာရပြီး ဆေးရုံရောက်လာတဲ့ လူနာတဦးကို ခြေထောက်ကျိုးလို့ သတ္ထုချောင်း တခု အစားထိုးထည့်သွင်းရမယ့် တခြားလူနာတယောက်နဲ့ မှားယွင်းပြီး ခြေထောက်ကိုလွန်နဲ့ ဖေါက်မိတယ်လို့ ဆိုပါတယ်။
အဲဒီလူနာရဲ့ ဦးခေါင်းဒဏ်ရာ အခုပျောက်သွားပါပြီ၊ ဒါပေမယ့် မှားယွင်းပြီး အပေါက်ဖေါက်ခံရတဲ့ ခြေထောက်ဒဏ်ရာကတော့ ပျောက်ကင်းဖို့ လိုသေးတယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
လူနာမှားကုသတဲ့ ဆရာဝန် တာဝန်ကဖယ်ရှား
Reviewed by THITHTOOLWIN
on
07:58
Rating: