FBI ညွှန်မှူးဟောင်း စာအုပ် ၆ သိန်းရောင်းရ


အမေရိကန် ပြည်ထောင်စု အထူးစုံစမ်းစစ်ဆေးရေးဗြူရို FBI ညွှန်ကြားရေးမှူးချုပ်ဟောင်း James Comey ဂျိမ်းစ် ကိုမီ က သူနဲ့ သမတ ထရမ့်တို့အတွင်းရေးကို အသေးစိပ်ထုတ်ဖေါ်ရေးသားထားတဲ့ A Higher Loyalty: Truth, Lies and Leadership “ ပိုမိုမြင့်မားတဲ့ သစ္စာရှိခြင်း (အမှန်တရား၊ မုသာဝါဒ နဲ့ ခေါင်းဆောင်မှု)” လို့ အမည်ပေးထားတဲ့ စာအုပ်ဟာ ဖြန့်ချိပြီး ပထမအပတ်အတွင်း အုပ်ရေ ၆ သိန်းခန့်ရောင်းချခဲ့ရပြီးပြီလို့ စာအုပ်တိုက်က အင်္ဂါနေ့ မနေ့ကပြောပါတယ်။

ဒီစာအုပ်မှာ မစ္စတာ ကိုမီက ကျင့်ဝတ်ရှိတဲ့ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအမြင်တွေကို ရေးသားထားပါတယ်။

သူက သမတ ထရမ့်ကို ရိုးသားမှုကင်းမဲ့သူ၊ တခြားသူတွေရဲ့ ခံစားမှုနဲ့ဆန္ဒတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိတဲ့ တကိုယ်ကောင်း သမားတဦး အဖြစ် ပုံဖေါ်ထားပြီး သမတလိုလားတဲ့ သစ္စာရှိပုံကို မာဖီးယား လူဆိုးဂိုဏ်းခေါင်းဆောင် တယောက်လိုချင်တဲ့ သစ္စာရှိပုံနဲ့ နှိုင်းယှဉ်တင်ပြထားတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
FBI ညွှန်မှူးဟောင်း စာအုပ် ၆ သိန်းရောင်းရ FBI ညွှန်မှူးဟောင်း စာအုပ် ၆ သိန်းရောင်းရ Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.