နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် ဆောင်ရွက်ကြမည့် အချိန်ဖြစ် ဟု မန္တလေး ဝန်ကြီးချုပ်ပြော
မန္တလေးသင်္ကြန်ဖွင့်ပွဲအခမ်းအနား ၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)
မန္တလေး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
    ယခု ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်အခါကာလသည် နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် နိုင်ငံသား အားလုံးက စည်းလုံး ညီညွတ်စွာ ဆောင် ရွက် ကြမည့် အချိန်အခါ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ၁၃၇၉ ခုနှစ် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲတော် မန္တလေးမြို့ တော် မဟာ သင်္ကြန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့ အပြင် ၎င်းက “ မနှစ်က မန္တလေး လမ်းလျှောက် သင်္ကြန်ဟာ လူတိုင်း ပျော်ရွှင်မှု စိတ်ကျေနပ် မှုတွေ ဆောင်ကြဉ်းပေးနိုင်ခဲ့လို့ နာမည်ကြီးခဲ့ပါတယ်၊ အခြေခံ စိတ်ထားကောင်းမွန်တဲ့ နိုင်ငံတော်သူ နိုင်ငံသားတွေအနေနဲ့  မိမိတို့ မှာ ရှိနှင့်ပြီးသား မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်၊ သည်းခံစိတ် တွေနဲ့ အတူ နိုင်ငံတော် ငြိမ်းချမ်းရေး ရရှိအောင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ၀ိုင်းဝန်း ဆေင်ရွက်ပေး ကြစေလိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
နံနက် ၇း ၃၀ နာရီတွင် စတင်ခဲ့သော အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားအပြီးတွင် မြို့မိမြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ၀န်ကြီးးချုပ်၊ မန္တလေး မြို့တော်ဝန်နှင့် အစိုးရအဖွဲ့ ဝင်များက ငြိမ်းချမ်းရေး မိုးပျံ ပူဖောင်းများ လွှတ်တင်ခဲ့ကြပြီး မန္တလေး မြို့ တော် စည်ပင်သာယာရေး ကော်မတီ၏ လှပျိုဖြူ ယိမ်းသမများနှင့် ကျောင်းသူကလေး ငါးရာဦးတို့ က အကများဖြင့် ကြွရောက်လာသော ပရိသတ်တို့  အား ဖြေဖျော်ခဲ့ကြသည်။
ထို့ အတူ ရှေးရိုးရာ အစဉ်အလာဖြစ်သော နှစ်သစ်ကူး အမိန့် တော် ပြန် ၀န်မင်းနှင့် မင်္ဂလာ စည်တော် အဖွဲ့ က မြို့ မ ငွေငန်းကားကြီးအပါအ၀င် သင်္ကြန်အလှကား၊ သံချပ်ကားနှင့် ကျောက်ဆည် ဆင်အက ကားများအား ဦးဆောင်ကာ ဗဟိုမဏ္ဍပ်ရှေ့ မှ ဖြတ်သန်းလျက် သရုပ်ပြခြင်း၊ သီဆိုကပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ နောက် ယမန်နှစ်က စတင်ပြီး နာမည်ရခဲ့သော မန္တလေး လမ်းလျှောက် သင်္ကြန်ကို ၂၆ လမ်း နှင့် ၇၇ လမ်းထောင့်မှ စတင် ဖွင့်လှစ်ပြီး မဟာသင်္ကြန် အကြိုနေ့ ကို စည်ကား သိုက်မြိုက်စွာ ဆင်နွဲခဲ့ကြ သည်။
(Xinhua)
http://xinhuamyanmar.com
နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် ဆောင်ရွက်ကြမည့် အချိန်ဖြစ် ဟု မန္တလေး ဝန်ကြီးချုပ်ပြော နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် ဆောင်ရွက်ကြမည့် အချိန်ဖြစ် ဟု မန္တလေး ဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.