ဖခင်ဖြစ်သူက သားအား ဓါးဖြင့် ခုတ်ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွား

တွံတေးမြို့နယ်တွင် သား အဖချင်း စကားများရာ ဖခင်ဖြစ်သူမှ သားဖြစ်သူအား ဓားဖြင့်ခုတ်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ် - ဓါတ်ပုံ - စိတ္တသုခတွံတေး
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ရေ၀က်ချောင်းကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့် က တီဗီလိုင်းချိမ်းလိုက်သည့်ကိစ္စဖြင့် သား အဖချင်း စကားများရာကနေ ဖခင်ဖြစ်သူမှ သားဖြစ်သူအား ဓားဖြင့်ခုတ်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ ယနေ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။ 

ဒဏ်ရာရရှိတဲ့ သားဖြစ်သူ - ဓါတ်ပုံ - စိတ္တသုခတွံတေး
ဖြစ်စဉ်မှာ၂၂.၄.၂၀၁၈ ရက်နေ့ ည ၂၁း၀၀ နာရီအချိန်တွင် တွံတေးမြို့နယ်၊ ရေ၀က်ချောင်းကျေးရွာနေ မ-----သည် မိသားစုနှင့်အတူ နေအိမ်၌ တီဗီကြည့်နေစဉ် ခင်ပွန်းဖြစ်သူ ၀င်းနိုင်၊ (၃၇)နှစ်မှာ အရက်မူး၍ ရောက်ရှိလာပြီး တီဗီလိုင်းချိမ်းလိုက်သည့်ကိစ္စဖြင့် သားဖြစ်သူ မောင်-----နှင့် စကားများခဲ့ကြရာမှ ဖခင်ဖြစ်သူမှာ နေအိမ်အောက်သို့ဆင်း၍ မြက်ခုတ်ဓားအား ယူဆောင်ပြီး အိမ်ပေါ်သို့တက်ကာ သားဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းဝဲဘက်၌ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ မ-----မှာ ကြောက်လန့်၍နေအိမ်မှ ဆင်းပြေးကာ အိမ်နီးနားချင်းနေအိမ်သို့သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် နာရီဝက်ခန့်အကြာတွင် အိမ်နီးနားချင်းများနှင့်အတူ နေအိမ်သို့ပေါ်သို့ ပြန်လာစဉ် ခင်ပွန်းဖြစ်သူမှာ ပုခက်ကြိုးဖြင့် ကြိုးဆွဲချလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူ မောင်------အား တွံတေးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူ လျက်ရှိကြောင်းနှင့် မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဖခင်ဖြစ်သူက သားအား ဓါးဖြင့် ခုတ်ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွား ဖခင်ဖြစ်သူက သားအား ဓါးဖြင့် ခုတ်ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွား Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.