စစ်​တိုင်းမှူးများ ​နေရာအ​ပြောင်းအ​ရွှေ့ ပြုလုပ်


နေပြည်​​တော်​၊ ဧပြီ ၂၃၊ ၂၀၁၈။

တပ်​မ​တော်​မှ စစ်​တိုင်းမှူးများကို ​နေရာအ​ပြောင်းအ​ရွှေ့ပြုလိုက်​လိုက်​​ကြောင်း စုံစမ်သိရှိရသည်​။

ယင်းသို့ ပြုလုပ်​ရာတွင်​ နိုင်​ငံ​တော်​ကာကွယ်​​ရေးတက္ကသိုလ်​​ကျောင်းအုပ်​ကြီးဗိုလ်​ချုပ်​မျိုးမိုး​အောင်​ကို အ​ရှေ့​တောင်​တိုင်းစစ်​ဌာနချုပ်​တိုင်းမှူးအဖြစ်​ ​ပြောင်း​ရွှေ့ခဲ့ပြီး ​တောင်​ပိုင်းတိုင်းစစ်​ဌာနချုပ်​တိုင်းမှူး ဗိုလ်​ချုပ်​ဖုန်းမြတ်​ကို နိုင်​ငံ​တော်​ကာကွယ်​​ရေးတက္ကသိုလ်​​ကျောင်းအုပ်​ကြီးအဖြစ်​သို့ ​ပြောင်း​ရွှေ့ခဲ့ခြင်း ဖြစ်​သည်​ဟု သိရသည်​။

တပ်​မ​တော်​မှ ပြုလုပ်​ခဲ့သည်​ စစ်​တိုင်းမှူးများအ​ပြောင်းအ​ရွှေ့များမှာ -

၁။ ဗိုလ်​ချုပ်​ခင်​လှိုင်
အ​ရှေ့​မြောက်​တိုင်းစစ်​ဌာနချုပ်​မှ တြိဂံတိုင်းစစ်​ဌာနချုပ်​သို့


၂။ ဗိုလ်​ချုပ်​​တေဇ​ကျော်
အ​နောက်​​တောင်​တိုင်းစစ်​ဌာနချုပ်​မှ​မြောက်​ပိုင်းတိုင်းစစ်​ဌာနချုပ်​သို့


၃။ ဗိုလ်​ချုပ်​​အောင်​​ဇော်​​အေး
တြိဂံတိုင်းစစ်​ဌာနချုပ်​မှ အ​ရှေ့​​မြောက်​တိုင်းစစ်​ဌာနချုပ်​သို့


၎။ ဗိုလ်​ချုပ်​၀င်းမင်းထွန်း
အ​ရှေ့ပိုင်းတိုင်းစစ်​ဌာနချုပ်​မှ ကမ်းရိုးတန်းတိုင်းစစ်​ဌာနချုပ်​သို့


၅။ ဗိုလ်​ချုပ်​ညီညီ​ဆွေ
မြောက်​ပိုင်းတိုင်းမှ အ​နောက်​​တောင်​တိုင်းစစ်​ဌာနချုပ်​သို့


၆။ ဗိုလ်​ချုပ်​မျိုးဝင်း
အ​ရှေ့​တောင်​တိုင်းစစ်​ဌာနချုပ်​မှ ​တောင်​ပိုင်းတိုင်းစစ်​ဌာနချုပ်​သို့


၇။ ဗိုလ်​ချုပ်​လင်း​အောင်
ကမ်းရိုးတန်း​ဒေသမှ အ​ရှေ့ပိုင်းတိုင်းစစ်​ဌာနချုပ်​သို့

- တို့ ဖြစ်​ကြသည်​။

တပ်​မ​တော်​တွင်​ တိုင်းစစ်​ဌာချုပ်​ ၁၄ ခုရှိပြီး ယ​နေ့​နေရာအ​ပြောင်းအ​ရွှေတွင်​ တိုင်းစစ်​ဌာနချုပ်​ ၈​နေရာမှ စစ်​တိုင်းမှူးများကို ​နေရာအပြောင်းအလဲ လုပ်​ခဲ့ခြင်း ဖြစ်​သည်​။

CentralNewsMyanmar
NaypyitawNews
https://www.facebook.com/CNMyanmar/
စစ်​တိုင်းမှူးများ ​နေရာအ​ပြောင်းအ​ရွှေ့ ပြုလုပ်​ စစ်​တိုင်းမှူးများ ​နေရာအ​ပြောင်းအ​ရွှေ့ ပြုလုပ်​ Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.