ကန့်ဘလူတွင် ကားဘီးပေါက်တိမ်းမှောက်မှုဖြစ် နှစ်ဦးပွဲချင်းပြီးသေ ငါးဦးဒဏ်ရာရ


ကန့်ဘလူ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီက ချပ်ကြီးကျေးရွာနှင့် ပင့်သာကျေးရွာအကြား၌ကားတစ် စီး ဘီးပေါက်ကာ တိမ်းမှောက်မှု ကြောင့် အခင်းဖြစ်နေရာတွင် ပွဲချင်း ပြီး နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ် ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

ကန့်ဘလူ-ကောလင်း(နတလ လမ်း)မိုင်တိုင်အမှတ်(၇/၆)နှင့် (၇/၇)အကြားတွင် ဖားကန့်မြို့ မာမူ ရပ်ကွက်နေ ယာဉ်မောင်း ဦးမျိုးရွှင်(၃၈နှစ်)မောင်းနှင်ပြီး ခရီး သည် ခုနစ်ဦးလိုက်ပါလာသော ယာဉ်အမှတ်SSG-9G/---- PR-ADO အစိမ်းပုပ်ရောင်ယာဉ်သည် ဝဲဘက်ရှေ့ဘီးနှင့်နောက်ဘီးပေါက် ကာအရှိန်မထိန်းနိုင်ဘဲလမ်း၏ယာ ဘက်သို့တိမ်းမှောက်သွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်မောင်းဦးမျိုးရွှင်၏ ဇနီးဒေါ်စန္ဒာဝင်း(၃၃နှစ်)နှင့် ခုနစ် နှစ်အရွယ်သမီးတို့မှာ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ယာဉ်မောင်းနှင့်အခြားခရီးသည် လေးဦးတို့မှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)များရရှိခဲ့ရာ ကျွန်းလှ ပြည်သူ့ဆေးရုံသို့ဆေးစာနှင့်အတူ ပို့ဆောင်ကာ ဆေးကုသမှုခံယူ လျက်ရှိသည်။ ယာဉ်မောင်းအား ဥပဒေအရအရေးယူနိုင်ရန်ချပ်သင်း ရဲကင်းစခန်းမှ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net
ကန့်ဘလူတွင် ကားဘီးပေါက်တိမ်းမှောက်မှုဖြစ် နှစ်ဦးပွဲချင်းပြီးသေ ငါးဦးဒဏ်ရာရ ကန့်ဘလူတွင် ကားဘီးပေါက်တိမ်းမှောက်မှုဖြစ် နှစ်ဦးပွဲချင်းပြီးသေ ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.