လုံးခင်းကျေးရွာအုပ်စုတွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွားရာ (၃၈)သိန်းကျော်ဆုံးရှုံး |
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာ၊ မလောင်ရွာတွင် ဧပြီ(၉)ရက်နေ့၊ နံနက်၂နာရီ၁၅မိနစ်အချိန်တွင် အိမ်ခန်းဌားနေထိုင်သည့် ကိုမင်းဌေး၏ အိမ်တွင်ဖယောင်တိုင်မီးမှ စတင်မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မလောင်ရွာအတွင်းတွင် “ရွှေရခိုင်”ဆံသဆိုင်မှ အိမ်ငှားဖြစ်သူ မင်းဌေးသည် ဖယောင်းတိုင်မီးထွန်းထားပြီး အိပ်ပျော်သွားရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် (၁၈×၉)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ (၁)ထပ်လူနေအိမ်(၆)လုံးနှင့် (၁၈×၉)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၂)ထပ်လူနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံး မီးလောင်ဆုံးရူံးပြီး မီးလောင်ရာတွင် မီးသတ်ယာဉ်(၅)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၃၀)ဦး၊ စုစုပေါင်း(၃၄)ဦးဖြင့် (၃)နာရီအချိန်ခန့်၌ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ရာတွင် မီးလောင်ဆုံးရူံးမူတန်ဖိုးမှာ စုစုပေါင်း (၃၈၈၈၀၀၀)ကျပ်ဖြစ်ပြီး နေအိမ်(၇)လုံး မီးလောင်ဆုံးရူံးပြီး မီးဘေးသင့် အိမ်ထာင်စု(၇)စု၊ ကျား (၁၄) ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၂၃)ဦး ရှိကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ငှားနေသူ မင်းဌေးအား လုံးခင်းနယ်မြေရဲစခန်းမှ (ပ)၅၃/၂၀၁၈၊ ပုဒ်မ-၂၈၅အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မင်းရာဇာ
EPN
https://www.facebook.com/epngnews/
လုံးခင်းကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၇)လုံး မီးလောင်ဆုံးရူံး
Reviewed by THITHTOOLWIN
on
19:17
Rating: