ဗြိတိန်ဘောလုံးအသင်း မြန်မာပြည် မသွားဖို့ ရိုဟင်ဂျာတွေ တောင်းဆို


မြန်မာနိုင်ငံကို သွားရောက်ပြီး ကစားမဲ့ ဗြိတိရှ ကလပ်အသင်း Leeds United ဘော်လုံးအသင်းကို Bradford က ရိုဟင်ဂျာအဖွဲ့များက မြန်မာနိုင်ငံကို မသွားဘို့ တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုကို ဗြိတိန်နိုင်ငံ ရိုဟင်ဂျာကော်မြူနတီ BRC က တောင်းဆိုတာဖြစ်ပြီး Leeds အသင်း သွားရောက်မှာကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။ BRC အဖွဲ့ဝင်များဟာ Leeds အသင်းရဲ့ အမာခံ ပရိသတ်များဖြစ်တယ်လို့ လည်း ပြောဆိုထားပြီး ဘော်လုံးအသင်းပိုင်ရှင်ကို သူတို့နဲ့ ဆွေးနွေး ဘို့ တောင်းဆိုထားပါတယ်။ ဘော်လုံးအသင်းပိုင်ရှင်ကတော့ မြန်မာပြည်မကြာခဏသွား ရောက်ဘူးသူ ဖြစ်ပြီး မြန်မာပြည်ဟာ သူ့နှလုံးသားထဲမှာရှိနေတဲ့တိုင်းပြည်လို့ ထုတ်ဖေါ် ပြောဆိုထား ပါတယ်။

ဒီအတောအတွင်းမြန်မာပြည်ကိုသွားရောက်မဲ့ Leeds အသင်းသားတွေအနေနဲ့ အခုလို ကန့်ကွက်မှုတွေကြောင့် စားမ၀င်အိပ်မပျော် ဖြစ်နေကြပါတယ်လို့ အသင်းမန်နေဂျာက ထုတ်ဖေါ် ပြောဆိုပါတယ်။
ရှေ့လမှာမြန်မာပြည်ကိုသွားရောက်မဲ့ Leeds United အသင်းကို နိုင်ငံရေးသမားများ လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသလို တခြားအဖွဲ့အစည်းတွေကလည်း ကန့်ကွက် နေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဗြိတိန်ဘောလုံးအသင်း မြန်မာပြည် မသွားဖို့ ရိုဟင်ဂျာတွေ တောင်းဆို ဗြိတိန်ဘောလုံးအသင်း မြန်မာပြည် မသွားဖို့ ရိုဟင်ဂျာတွေ တောင်းဆို Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.