မူးယစ်သယ်ဆောင်တဲ့ တိုင်ဝမ် ၈ ဦးကို အင်ဒိုနီးရှား သေဒဏ်ပေး


အင်ဒိုနီးရှား အစိုးရက တိုင်ဝမ်နိုင်ငံသား မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူ ၈ ဦးကို မနေ့က သေဒဏ် ချမှတ်လိုက်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လက ကာလတန်ဖိုး ကန် ဒေါ်လာ ၁၄၄ သန်းရှိတဲ့ methamphetamine မက်သမ်ဖက်တမင်း စိတ်ကြွဆေး ၁ တန်ခန့်နဲ့ ဖမ်းဆီးမိခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အပြင်းထန်ဆုံး အရေးယူတဲ့ နိုင်ငံတခုဖြစ်ပြီး မူးယစ်ဆေးဝါး အလေးချိန် ၅ ဂရမ်ထက် ပိုမိုတွေ့ရှိသူကို သေဒဏ်ချမှတ်ကာ လက်မရွံ့တပ်ဖွဲ့နဲ့ ကွပ်မျက်လေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မူးယစ်သယ်ဆောင်တဲ့ တိုင်ဝမ် ၈ ဦးကို အင်ဒိုနီးရှား သေဒဏ်ပေး မူးယစ်သယ်ဆောင်တဲ့ တိုင်ဝမ် ၈ ဦးကို အင်ဒိုနီးရှား သေဒဏ်ပေး Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.