မှတ်ပုံတင်တစ်ခုလုပ်တာကို ငွေကျပ် ၁ သောင်းခွဲတောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့သူကို လဝကဌာနက အိမ်တိုင်လာရောက်တောင်းပန်


ရခိုင်ပြည်နယ်နယ် မင်းပြားမြို့နယ်မှာ ၁၈ နှစ်ပြည့်မှတ်ပုံတင်တစ်ခုလဲလှယ်တာကို ငွေကျပ် ၁ သောင်းခွဲ တောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ် Post တင်ခဲ့သူကို မင်းပြားလဝကဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ လိုင်းကိုင်စာရေးတို့က ကျေးရွာရဲ့နေအိမ်အထိ လာရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှာ သံရှင်အုပ်စု နဒင် ရွာဟောင်းကျေးရွာက မိန်းကလေးနှစ်ဦးဟာ ဧပြီလ ၁၈ ရက်နေ့က အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် တွေလှဲလှယ်ကြတဲ့အခါ တစ်ခုကို ၁ သောင်းခွဲကျစီနဲ့ မှတ်ပုံတင်နှစ်ခုကို ၃ သောင်းအထိ တောင်းခံ ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်တင်ခဲ့သူ မခိုင်သန်းဝင်းက ဆိုပါတယ်။

သတင်း - နေဝင်းစံ
Development Media Group
https://www.facebook.com/dmgnewsagency/
မှတ်ပုံတင်တစ်ခုလုပ်တာကို ငွေကျပ် ၁ သောင်းခွဲတောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့သူကို လဝကဌာနက အိမ်တိုင်လာရောက်တောင်းပန် မှတ်ပုံတင်တစ်ခုလုပ်တာကို ငွေကျပ် ၁ သောင်းခွဲတောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့သူကို လဝကဌာနက အိမ်တိုင်လာရောက်တောင်းပန် Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.