ဝန်ထမ်းဥပဒေချိုးဖောက်မှုကြောင့် ရာထူးလျှော့ခံထားရတဲ့ ဧရာဝတီတိုင်းစည်ပင်ညွှန်မှူး သက်ပြည့်ပင်စင်တင်


ရာထူးလျှော့နယ်ပြောင်း အရေးယူခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်ဟာ သက်ပြည့်ပင်စင်တင်ထားလိုက်ပြီလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။ ဦးအောင်မင်းနိုင်ဟာ နိုင်ငံဝန်ထမ်းလိုက်နာရမယ့် ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့် အခုလ(၁၉)ရက်က တိုင်းဒေသကြီးကက်ဘိနက်အစည်းအဝေးမှာ သူ့ကို ရာထူးတစ်ဆင့်လျှော့ချပြီး ဖျာပုံခရိုင်ကို ပြောင်းရွှေ့တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ပြီးနောက် ဦးအောင်မင်းနိုင်ဟာ အသက် (၅၅)နှစ်အရွယ်မှာပဲ အခုလို သက်ပြည့်ပင်စင် ယူခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဦးအောင်မင်းနိုင်ဟာ စည်ပင်သာယာရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ မညီညွတ်ဘဲ လုပ်ငန်းတွေ ကြိုတင်ဆောင်ရွက်တာ၊ သီးခြားငွေစာရင်းဖွင့်တာ၊ တိုင်းအစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက်မတောင်းဘဲ ကိုယ့်သဘောနဲ့ကိုယ် စီမံဆောင်ရွက်တာတွေကြောင့် တိုင်းအစိုးရအဖွဲ့က စာနဲ့တစ်ကြိမ်၊ မှတ်တမ်းတင်ပြီးတစ်ကြိမ် သတိပေးခဲ့ပြီးနောက် ပြစ်ဒဏ်ပေး ခံရတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။ ဒီလိုအရေးယူခံရတဲ့အပေါ် ဘာမှမပြောလိုကြောင်း ဦးအောင်မင်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ လစ်လပ်နေတဲ့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနေရာကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးနိုင်လင်းမောင်က ခေတ္တညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews/
ဝန်ထမ်းဥပဒေချိုးဖောက်မှုကြောင့် ရာထူးလျှော့ခံထားရတဲ့ ဧရာဝတီတိုင်းစည်ပင်ညွှန်မှူး သက်ပြည့်ပင်စင်တင် ၀န်ထမ်းဥပဒေချိုးဖောက်မှုကြောင့် ရာထူးလျှော့ခံထားရတဲ့ ဧရာဝတီတိုင်းစည်ပင်ညွှန်မှူး သက်ပြည့်ပင်စင်တင် Reviewed by THITHTOOLWIN on 13:31 Rating: 5
Powered by Blogger.