(၆) နှစ် သမီးကို အဓ္ဓမပြုကျင့်သူ ဖမ်းမိ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးအုပ်စု၊ ရွှေတန်ခူးငါးမွေးကန်မှာ ဖြစ်ပွားခဲ့တဲ့ အသက်(၆)နှစ်အရွယ်မိန်းကလေးငယ်ကို အဓ္ဓမပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်သူကို(၂၄) နာရီအတွင်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

 ဧပြီ(၁၂)ရက်ညနေပိုင်းက တရားလိုဖြစ်သူဟာ ရွာထဲမှာသင်္ကြန်ပန်းသွားခူးချိန်မှာ အိမ်မှာထားခဲ့တဲ့ (၆)နှစ်အရွယ်မိန်းကလေးငယ်ကို တစ်ရွာတည်းနေသူ အသက်(၂၈)နှစ်အရွယ်အမျိုးသားက အဓ္ဓမပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧပြီ(၁၃)ရက်မနက်ပိုင်းမှာ သုံးခွနယ်မြေရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ရာ ပြစ်မှုကျူးလွန်သူကို (၂၄)နာရီအတွင်းဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို ၀င်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
(၆) နှစ် သမီးကို အဓ္ဓမပြုကျင့်သူ ဖမ်းမိ (၆) နှစ် သမီးကို အဓ္ဓမပြုကျင့်သူ ဖမ်းမိ Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.