လင်မယားချင်း စကားများရာကနေ ဆွဲကြိုးချသေဆုံးမှု


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အမှတ်(၂)ရပ်ကွက်မှာ ဧပြီ(၁၄)ရက်၊ ညနေပိုင်းက အသက်(၂၂)နှစ်အရွယ် လူတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားပါတယ်။ သေဆုံးသူနဲ့ ဇနီးဖြစ်သူတို့ အမာမြို့သောင်ကမ်းခြေမှာ သွားရောက်ရေကစားစဉ် သေဆုံးသူကအခြားမိန်းကလေးများနဲ့ စနောက်ရေကစားခဲ့တယ်လို့ သိရပါတယ်။


 အဲဒီကိစ္စနဲ့ပတ်သက်လို့ လင်မယားချင်းစကားများကာ နေအိမ်အနောက်ဖက်တောထဲရှိ သစ်ပင်မှာ ဆွဲကြိုးချသေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမာနယ်မြေရဲစခန်းက ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
လင်မယားချင်း စကားများရာကနေ ဆွဲကြိုးချသေဆုံးမှု လင်မယားချင်း စကားများရာကနေ ဆွဲကြိုးချသေဆုံးမှု Reviewed by THITHTOOLWIN on 11:48 Rating: 5
Powered by Blogger.