အိန္ဒိယမှာ မော်ဝါဒီသူပုန် ၁၄ ဦးသေဆုံး


အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်မှာ မနေ့က ပစ်ကြခတ်ကြချိန်မှာ မော်ဝါဒီပျောက်ကြား ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မွန်ဘိုင်းမြို့တော်က မိုင် ၅၆၀ လောက်ကွာဝေးတဲ့ ဝေးလံသီခေါင်တဲ့တောတွင်းတနေရာမှာ သူပုန် ၁၀၀ နီးပါးကို ကြားကဖြတ်ဝင်ပြီး လက်နက်ချဖို့ အမိန့်ပေးတယ်လို့ ရဲက ပြောပါတယ်။

ဒါပေမဲ့ ပြောက်ကျားတွေက ပစ်ခတ်လို့ အထူးရဲတပ်ဖွဲ့နဲ့ နာရီနဲ့ချီကြာ ပစ်ကြခတ်ကြတယ်လို့ ပြောပါတယ်။

၁၉၆၀ ပြည့်လွန်ပိုင်းကစလို့ မော်ဝါဒီတွေ စတင်ပုန်ကန်ခြားနားပြီး နေ့တိုင်းလိုလို အကြမ်းဖက်မှုဖြစ်ပွားတဲ့အတွက် လူထောင်နဲ့ချီ သေဆုံးရပါတယ်။ အိန္ဒိယက ပြည်နယ် ၂၀ လောက်မှာ မော်ဝါဒီတွေရှိတယ်လို့ ယူဆရပေမဲ့ တောထူထပ်တဲ့ပြည်နယ်တွေမှာ အများဆုံးလှုပ်ရှားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယမှာ မော်ဝါဒီသူပုန် ၁၄ ဦးသေဆုံး အိန္ဒိယမှာ မော်ဝါဒီသူပုန် ၁၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.