မြန်မာမှာ ဟိုတယ်နဲ့ တည်းခိုခန်း အရေအတွက် တိုးပွားလာ


မြန်မာနိုင်ငံတဝှမ်းမှာ ဒီနှစ် မတ်လအထိ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၆၂၈ ခု၊ အခန်းပေါင်း ခြောက်သောင်း ငါးထောင် လေးရာ့ ခုနစ်ဆယ်ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

နိုင်ငံတကာခရီးသွားတွေ အဆင်ပြေစေရေးအတွက် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တချို့ကို လျှော့ပေါ့လိုက်ပြီးတဲ့နောက်၊ တနိုင်ငံလုံးမှာ ဟိုတယ်ခန်းအရေအတွက် တိုးပွားလာခဲ့ပါတယ်။

ရန်ကုန်မှာ ဟိုတယ်ပေါင်း ၃၉၅ ခု၊ အခန်းပေါင်း နှစ်သောင်း ငါးရာကျော်၊ မန္တလေးမှာ ဟိုတယ်၂၁၁ ခု၊ အခန်း ပေါင်း ရှစ်ထောင့်ရှစ်ရာကျော်၊ တောင်ကြီးနဲ့ အင်းးလေးမှာ ဟိုတယ် ၁၄၃ ခု၊ အခန်းပေါင်း လေးထောင့် ငါးရာကျော်၊ ပုဂံမှာ ဟိုတယ် ၈၅ ခု အခန်းပေါင်း နှစ်ထောင့် ကိုးရာကျော်၊ နေပြည်တော်မှာ ဟိုတယ် ၈၄ ခု၊ အခန်းပေါင်း ငါးထောင့် ငါးရာကျော်ရှိတယ်လို့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။

အခုအခါ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ လိုင်စင်လျှောက်ထားကြတဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူ အရေအတွက် တိုးတက်များပြားလာနေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဌာနက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာမှာ ဟိုတယ်နဲ့ တည်းခိုခန်း အရေအတွက် တိုးပွားလာ မြန်မာမှာ ဟိုတယ်နဲ့ တည်းခိုခန်း အရေအတွက် တိုးပွားလာ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.