မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၌ ဘုရားဘူးယာဉ် တားလော့ပြုတ်ကျကာ တံတားအောက်ထိုးကျသဖြင့် လူ(၃၀)ဦး ဒဏ်ရာရ |
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၌ ၂၀၁၈ ဧပြီ ၂၃ နံနက် ၇:၃၀ အချိန်ခန့်တွင် ပတ္တမြားရွှေစင်ဘုရားဖူးယာဉ် တားလော့ပြုတ်၍ ချောက်ထဲပြုတ်ကျသဖြင့် လူ(၃၀)ဦးဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၁၇/၁ ညောင်ပင်သာကျေးရွာအနီး ညောင်ပင်သာတံတား၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေသူ ယာဉ်မောင်း နေဝင်းဟန်(၃၅)နှစ် ယာဉ်အမှတ် 3K/-------- HYUNDAI အမျိုးအစား ဖြူ/ပြာကြားအရောင် ခြောက်ဘီးမှန်လုံ ပတ္တမြားခင်းရွှေစင် ဘုရားဘူးယာဉ်မှာ ရန်ကုန်မှ အမြန်လမ်းမကြီးအတိုင်း ပုပ္ပါးသို့ ဘုရားဖူးသွားရာမှ ကား၏ရှေ့ညာဘက် တားလော့ပြုတ်ကျ၍ လမ်း၏ညာဘက် တံတားအောက်သို့ထိုးကျသွားပြီး ယာဉ်ပေါ်ပါရှိသူ ခရီးသည် (၄၉)ဦးအနက် (၃၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း နေဝင်းဟန်အား အလည်ရွာရဲကင်စခန်းမှ ယာဉ်(ပ)၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းစုံစမ်းသိရှိရသည်။
ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုပ္ပါးသို့ ဘုရားဖူးယာဉ် တံတားအောက်ထိုးကျသဖြင့် လူ(၃၀)ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:21
Rating: