သီပေါမြို့အနီး မန္တလေး-လားရှိုးကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိ နှစ်ဦးသေ သုံးဦးဒဏ်ရာရ


သီပေါ ဧပြီ ၂၃

သီပေါမြို့ ဆွတ်လန်းကျေးရွာ အနီး မန္တလေး-လားရှိုးကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၃နှင့် ၁၃၃/၄ အကြားတွင် ဧပြီလ ၂၂ ရက်နေ့ ယမန်နေ့ နံနက်ပိုင်း က လားရှိုးဘက်မှ သီပေါဘက်သို့ ယာဉ်မောင်းသန်းဇော် မောင်းနှင် လာသည့် ယာဉ်အမှတ်/---TOVOTA TOYOACE (လိုင် စင်စိစစ်ဆဲ)သည် ရှေ့မှယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ် ကြောသို့ ရောက်ရှိသွားပြီး သီပေါ ဘက်မှ လားရှိုးဘက်သို့ ယာဉ် မောင်းဦးဖိုးကျော်မောင်းနှင်လာ သောHIJET(လိုင်စင်စိစစ်ဆဲ) အား ဝင်ရောက်တိုက်မိသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်HIJETယာဉ်ပေါ်ပါ ဒေါ်အေး လေး (၅၈နှစ်)နှင့် ဒေါ်ထုံဝူး(၆၃ နှစ်)တို့ သေဆုံးခဲ့ပြီး ဒေါ်တော်ဝင် (၅၉နှစ်)၊ ဒေါ်ကိန်းရှိန်း(၆၁နှစ်)၊ ဦးဖိုးကျော်(၄၈နှစ်)တို့မှာ ဒဏ်ရာ များအသီးသီး(မစိုးရိမ်ရ)ရရှိသွား ခဲ့သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်၍ လူကို သေဆုံး/ထိခိုက်ဒဏ်ရာရရှိ စေသူ ယာဉ်မောင်းသန်းဇော်(၃၄ နှစ်)အား သီပေါမြို့မရဲစခန်းက (ပ)၂၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သီပေါကိုလတ်
The Union Daily
https://www.facebook.com/uniondaily.net
သီပေါမြို့အနီး မန္တလေး-လားရှိုးကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိ နှစ်ဦးသေ သုံးဦးဒဏ်ရာရ သီပေါမြို့အနီး မန္တလေး-လားရှိုးကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိ နှစ်ဦးသေ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.