ဆွေမျိုးချင်း လက်ထပ်ခွင့်တောင်းတာမရလို့ အက်စစ်နဲ့ပက်


ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဂူခ်ျရတ်မြို့မှာ ကျောင်းသွားဖို့ ဘတ်စ်ကားစောင့်နေတဲ့ တက္ကသိုလ်ကျောင်းသူ ၃ ယောက်ကို မော်တော်ဆိုင်ကယ်နဲ့ လူတစ်စုက ဒီနေ့မနက်က အက်စစ်နဲ့ပက်လို့ ဒဏ်ရာရသွားကြပါတယ်။

ဆွေမျိုးအချင်းချင်းကြား လက်ထပ်ခွင့်တောင်းတာကို မိန်းကလေးက ငြင်းပယ်တဲ့အတွက် အဲဒီ မိန်းကလေးရဲ့ ဦးလေးအပါအဝင် မော်တော်ဆိုက်ကယ်နဲ့ အမျိုးသားတအုပ်စုက သူတို့ကို အက်စစ်နဲ့ပက်ပြီး လက်စားချေတာလို့ ရဲအရာရှိက ပြောပါတယ်။

အတိုက်ခိုက်ခံရတဲ့ ကျောင်းသူ ၃ ယောက်မှာ ၂ ယောက်က ညီအမဖြစ်ပြီး၊ နောက်တယောက် သူတို့ရဲ့ သူငယ်ချင်းဖြစ်ပါတယ်။ အက်စစ်နဲ့အပက်ခံရလို့ မိန်းကလေးတယောက်က မျက်နှာမှာ ဒဏ်ရာရပြီး၊ ကျန်တဲ့ ၂ ယောက်က လက်မောင်းတွေမှာ လောင်ကျွမ်းသွားပါတယ်။

အဲဒီလူ ၃ ယောက်ကို ဖမ်းထားပြီးပြီလို့ ရဲကပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အယူသီးသူတွေကြား ဆွေမျိုးအချင်းချင်း လက်ထပ်ခွင့်တောင်းလေ့ရှိပြီး၊ လက်မခံတဲ့အခါ အခုလိုရန်မူတဲ့ဖြစ်ရပ်တွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဆွေမျိုးချင်း လက်ထပ်ခွင့်တောင်းတာမရလို့ အက်စစ်နဲ့ပက် ဆွေမျိုးချင်း လက်ထပ်ခွင့်တောင်းတာမရလို့ အက်စစ်နဲ့ပက် Reviewed by THITHTOOLWIN on 01:11 Rating: 5
Powered by Blogger.