တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၄ဝဝဝဝ ခန့်တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့၌ ဧပြီ ၁၉ ရက် နံနက်ပိုင်းက ငွေကျပ် သိန်းပေါင်း ၄ဝဝဝဝ ခန့်တန်ဖိုးရှိ (အိုက်စ်)များ ဝမ်လုံးအုပ်စု လွယ်စီတုံ ကျေးရွာအဝင် ပြည်သူ့စစ်စခန်းရှေ့၌ ဖမ်းဆီးရမိသည်။

ဧပြီ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၅ဝ ခန့်တွင် မူးယစ်တပ်ဖွဲ့စု ၃ဝ မိနစ် တာချီ လိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်စီတုံကျေးရွာ အဝင်၊ ပြည်သှူစစ်စခန်းရှေ့တွင် စောင့် ဆိုင်းနေစဉ် မိုင်းဟဲဘက်မှ တာချီလိတ် ဘက်သို့ အားဂျာ မောင်းနှင်လာသည့် Toyota Hilux Vigo ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အလေးချိန် ၂ဝဝ ကီလိုခန့် (ဒေသတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄ဝဝဝဝ ခန့်)အား လည်း ကောင်း၊ မော်တော်ယာဉ်ရှေ့ခန်းထိုင်ခုံ နှစ်ခုကြားရှိ ဘောက်အတွင်းမှ လက်ကိုင် ဖုန်းသုံးလုံးနှင့် ထိုင်းဘတ်ငွေ ၃ဝ၅ဝဝ တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့ သည်။

အလားတူ ဧပြီ ၁၄ ရက် ည ၈ နာရီ ခွဲကKNU တပ်ရင်း(၂ဝ၃) ငြိမ်းချမ်းရေး အဖွဲ့ တနင်္သာရီတိုင်းဒေသကြီး အပစ် အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ဝင် (JMC)မှ ဖဒိုထူးစော ဦးစီးအဖွဲ့သည် မဏ္ဍိုင်-ရတနာပုံလမ်း၊ (ဒေသအခေါ် ၁၆ မိုင်)တွင် အောင်ဆန်းထွေး မောင်းနှင်ပြီး စိုးကိုကို လိုက်ပါလာသည့် မော်တော် ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် ရပ်တန့် ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်တားဆီးရာ စိုးကိုကို ၏ယာတင်ပါးတွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး အောင်ဆန်းထွေးမှာ ထွက်ပြေး လွတ်မြောက်သွားသဖြင့် မော်တော်ယာဉ်အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေး ၁၉၆၅ ပြား၊ အိုက်စ် ၁ ဒသမ ဝ၂၈၇၉ ကီလို၊ ငွေကျပ် ၁၁ဝဝ နှင့် မော်တော်ယာဉ်တစ်စီးတို့ကို လည်း ကောင်း၊ ထို့အတူ ဧပြီ ၁၈ ရက် ညနေ ၃ နာရီခွဲက မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီး နားသွားကားလမ်းနှင့် နန့်မကျိုင်း ကျေးရွာလမ်းဆုံ မိုင်တိုင်အမှတ် ၂၃၄ တွင် အားဟောင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂ဝ (ဘိန်းဖြူအလေး ချိန် ၂ ဒသမ ၂ ကီလို)၊ ငွေကျပ် ၁ ဒသမ ၁ သိန်း၊ ဖုန်းသုံးလုံးနှင့် မော်တော် ယာဉ်တစ်စီးတို့ကို လည်းကောင်း သိမ်း ဆည်းရမိခဲ့၍ ၄င်းတို့ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ၊ မြင့်မိုရ်(တာချီလိတ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၄ဝဝဝဝ ခန့်တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၄ဝဝဝဝ ခန့်တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.