နောက်ဆုတ်သောကားမှ အမယ်အိုကိုကြိတ်၍ လူသေဆုံးမှုဖြစ်ပွား


မွန်ပြည်နယ်၊ ပေါင်မြို့ ၊ ပေါင်းရပ်ကွက် နယ်မြေ ၁၄ ထန်းတောရပ်တွင် မြေတင်ကားမှ မြေကြီးချပြီး နောက်ဆုတ်ထွက်လာစဉ်၊ ဧပြီ၂၀ရက်နေ့ မနက် ၈နာရီခွဲ အချိန်ခန့် က လမ်းမအတိုင်း
လမ်းလျောက်နေသူ အမယ်အိုတစ်ဦးအားကြိတ်မိသဖြင့် ဒေါ်ထွေး ၉၀ နှစ် (ဘ)ဦးနီ ၁၄ရပ်ကွက်ထန်းတော ပေါင်းရပ်ကွက်နေသူ ဦးနှောက်များထွက် ခေါင်းခွံကြေ ဒဏ်ရာများရကာ သေဆုံးသွားခဲ့သည်။

လူသေအောင် ပေါ့ဆစွာမောင်းနှင်သူ Forland ၉ဋ္ဌ/၅၁၆၁၂ အပြာရောင် လယ်ယာမောင် ကား
ယာဉ်မောင်း မောင်ကျော်ဦး ၄၁ နှစ် (ဘ)ဦးစောလှိုင် ၁၅ရပ်ကွက် ထန်းတော ပေါင်းရပ်ကွက်၊  ပေါင်မြို့နေသူဖြစ်ကြောင်း သိရသည်။

Paung Daily
https://www.facebook.com/paungdaily/
နောက်ဆုတ်သောကားမှ အမယ်အိုကိုကြိတ်၍ လူသေဆုံးမှုဖြစ်ပွား နောက်ဆုတ်သောကားမှ အမယ်အိုကိုကြိတ်၍ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.