မဲဆောက်မှ ဘန်ကောက်သို့  ထွက်ခွာလာသည့် ခရီးသည်ယာဉ် တိမ်းမှောက် နှစ်ဦးသေ (၃၇)ဦးဒဏ်ရာရ


ဧပြီ ၂၀ ရက်နေ့ ည ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကနေ ထွက်ခွာလာတဲ့ ခရီးသည်တင် ကား လိုင်စဉ် နံပါတ် 16-0027(ဘန်ကောက်) ကာပြာ တစီးဟာ နကော်စ၀မ်ပြည်နယ် ဗဟိုရိုသင် အဝေးပြေးလမ်းမကြီးပေါ်မှာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာမှာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ၃၇ဦး ဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူတွေမှာ ငါးဦးဟာ ဒဏ်ရာပြင်းထန်လို့  အတွင်းလူနာအဖြစ် စ၀မ်ပရချာရ ဆေးရုံမှာ အတွင်းလူနာ အဖြစ်ကုသပေးနေပါတယ်။

စုံစမ်းရန် စ၀မ်ပရာချာရ ဆေးရုံ ဖုန်း 056 219 888


ပွဲချင်းပြီး သေဆုံးသွားသူနှစ်ဦးကတော့ မနီနီအောင် အသက် (၃၂) နဲ့  ထိုင်းနိုင်ငံသူ ပင်လမာ ကွိုင်န၀ာလိုင် အသက် ၂၄ နှစ်ဖြစ်တယ်လို့  လူမှုကယ်ဆယ်ရေး အဖွဲ့ က ထုတ်ပြန်ထားတာတွေ့ ရပါတယ်။

ကားမောင်းသူ Mr. Suriyamon Samantha စီရီရာမွန် ကတော ကားရှေ့ မှာ ဆိုင်ကယ်တစီး ဖြတ်ဝင်လာတာကို မတိုက်မိအောင်ရှောင်ရင်း ခုလို လမ်းလေးထိုးကျသွားခဲ့တာလို့  အစစ်ခံခဲ့ပေမယ့် ရဲတပ်ဖွဲ့ ကတော့ ကားဟာ အရှိန်ပြင်းပြင်းမောင်းလာမလာနဲ့  ကားမောင်းသူ မူးယစ် ဆေးနဲ့ အရက် သုံးစွဲထားမထား ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။


ဒဏ်ရာရသူ ၃၇ ဦးရဲ့  နံမည်စာရင်း မသိရသေးပေမယ့် ယခုအချိန်ဟာ ပြည်တော်ပြန်မြန်
မာနိုင်ငံသားတွေ သင်္ကြန်အပြီး ဘန်ကောက်ကို ပြန်လာသူတွေ များပြာနေတာကြောင့်
ဒဏ်ရာရသူတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင်နေမှာ ဖြစ်ပါတယ်။

Credit Khaosod
Social Action for Children and Women - SAW
မဲဆောက်မှ ဘန်ကောက်သို့  ထွက်ခွာလာသည့် ခရီးသည်ယာဉ် တိမ်းမှောက် နှစ်ဦးသေ (၃၇)ဦးဒဏ်ရာရ မဲဆောက်မှ ဘန်ကောက်သို့  ထွက်ခွာလာသည့် ခရီးသည်ယာဉ် တိမ်းမှောက် နှစ်ဦးသေ (၃၇)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:27 Rating: 5
Powered by Blogger.