ရန်ကုန်ကို စိမ်းလန်းတဲ့မြို့ဖြစ်အောင် ကြိုးပမ်းနေ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂၀၁၈ ခုနှစ် သင်္ကြန်အကြိုနေ့မှာ တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
ရန်ကုန်မြို့ကြီးကို စိမ်းလန်းစိုပြေပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်ဖို့ ကြိုးပမ်းနေပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန် မြို့တော်ခန်းမရှေ့ မြို့တော်ဝန် ရေသဘင်မဏ္ဍပ်မှာကျင်းပတဲ့ မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားတာပါ။

"ကျနော်တို့ ရန်ကုန်မြို့ကြီးကို မြိုပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေး မြို့တော်ကြီး ဖြစ်စေဖို့အတွက် ကျနော်တို့ကြိုးပမ်းနေတဲ့ ကာလတစ်ခုဖြစ်ပါတယ်၊ ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ပါတယ်၊ နိုင်ငံတကာအလယ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်စေဖို့ အတွက် ကျနော်တို့ ရုန်းကန်ကြိုးပမ်းရမယ့် အချိန်ကာလ တစ်ခုဖြစ်ပါတယ်၊  ဒီအချိန်ကာလမှာ ကျနော်တို့ အားလုံး နှစ်သစ်ကို ကြိုဆိုရင်း နှစ်ဟောင်းကို ပြန်လည်သုံးသပ်ရင်းနဲ့ ကျနော်တို့ရဲ့ ခေတ်သစ် စနစ် သစ် ပြုပြင်ပြောင်းလဲမှုတွေကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ကျနော့် အနေနဲ့ ပြောကြားပါရစေ"

အခုအချိန်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး နှစ် ၃၀ အကြာမှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်း လဲမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်လည်း ဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။

အဲဒီ သင်္ကြန်အကြိုနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရန်ကုန်ကို စိမ်းလန်းတဲ့မြို့ဖြစ်အောင် ကြိုးပမ်းနေ ရန်ကုန်ကို စိမ်းလန်းတဲ့မြို့ဖြစ်အောင် ကြိုးပမ်းနေ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.