ရပ်ထားသည့် UD ၁၀ဘီးယာဉ်အား နောက်ဘက်မှ ဝင်တိုက်သည့် Light Truck ယာဉ်မောင်းနှင်သူ သေဆုံး


နမ္မတီး မတ် ၆

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် စီးဒင်ယံကျေးရွာအနီး တနိုင်း(လီဒို)ကားလမ်းမပေါ်တွင် မတ်၅ရက် ည၈နာရီခန့်က ရပ်ထားသည့် UD ၁၀ဘီးယာဉ်အား နောက်ဘက်(လားရာတူ)မှ မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်က ဝင်ရောက်တိုက်မိ၍ လိုက်ထရပ်ယာဉ်မောင်းနှင်သူ ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တနိုင်းဘက်မှ နမ္မတီးဘက်သို့ တနိုင်းမြို့ ကင်ဆားရာရပ်ကွက်နေ ယာဉ်မောင်း ဦးညီထွဋ်(၂၅)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးခင်မောင်ကျော်(၂၂)နှစ် လိုက်ပါလာသည့် ယာဉ်အမှတ် 2B(----) NISSAN အမျိုးအစား UD ၁၀ဘီးမော်တော်ယာဉ်သည် ဆီးဒင်ယံကျေးရွာအနီး မိုင်တိုင်အမှတ် ကီလိုမီတာ ၄ နှင့် ၅ အကြားတွင် ရပ်၍ပြင်နေစဉ် မိုးကောင်းမြို့နယ် ကံလှကျေးရွာ မြို့သာရပ်ကွက်နေ ယာဉ်မောင်း ဦးတင်ဝင်း(၅၁)နှစ် မောင်းနှင်လာသည့် KCM 8E(----) Light Truck အမျိုးအစား မော်တော်ယာဉ်က နောက်ဘက်(လားရာတူ)မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဦးတင်ဝင်းမှာ ယာဉ်နှစ်စီးကြားတွင်ညှပ်မိကာ ၎င်းနေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နမ္မတီးနယ်မြေရဲစခန်းတွင် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရပ်ထားသည့် UD ၁၀ဘီးယာဉ်အား နောက်ဘက်မှ ဝင်တိုက်သည့် Light Truck ယာဉ်မောင်းနှင်သူ သေဆုံး ရပ်ထားသည့် UD ၁၀ဘီးယာဉ်အား နောက်ဘက်မှ ဝင်တိုက်သည့် Light Truck ယာဉ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.