ပါကစ္စတန်နိုင်ငံ Quettaမြို့တွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လူ ၄ ဦး သေဆုံး

၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ပါကစ္စတန်နိုင်ငံ Quettaမြို့တွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားသောကြောင့် စစ်တပ်မှလုံခြုံရေးများချထားစဉ်(ဆင်ဟွာ)
အစ္စလာမ်မာဘတ်၊ မတ် ၁ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Quettaမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်သည့် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည့်အပြင် အခြား လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

   အသေခံဗုံးခွဲသူက Quettaမြို့၏လုံခြုံရေးတပ်ဖွဲ့စခန်းတစ်ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အရာရှိတစ်ဦး၏ပြောကြားချက်များကို ကိုးကား၍ ပါကစ္စတန် မီဒီယာများက ရေးသားဖော်ပြခဲ့သည်။

 တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်  ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့်ကယ်ဆယ်ရေးများ အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိလာပြီး  အသေခံဗုံးခွဲတိုက်ခိုက်သူ၏အပေါင်းအပါများအား ရှာဖွေခြင်း၊ ဒဏ်ရာရသူများအား အနီးတ၀ိုက်ရှိဆေးရုံသို့ ပို့ဆောင်ကုသစေခြင်းများ ပြုလုပ်ခဲ့ပါသည်။ အချို့မှာ ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း  ပါကစ္စတန်မီဒီယာများက ဆိုသည်။

  ထိုအခင်းဖြစ်ပွားသည့်မနက်တွင်  အမည်မသိ သေနတ်ကိုင် ၂ ဦး က Quetta မြို့ အဆင့်မြင့် ရဲအရာရှိ တစ်ဦး လိုက်ပါစီးနင်းလာသည့်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့သည်။ ပါကစ္စတန် တာလီဘန်များက တိုက်ခိုက်မှုမှာ ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။

(ဆင်ဟွာ)
http://xinhuamyanmar.com
ပါကစ္စတန်နိုင်ငံ Quettaမြို့တွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လူ ၄ ဦး သေဆုံး ပါကစ္စတန်နိုင်ငံ Quettaမြို့တွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လူ ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.