မိုင်းယောင်း၌ ကျပ်သိန်းပေါင်း ၁၇၀ တန်ဖိုးရှိ လိုင်စင်မဲဘီယာများဖမ်းမိ


မိုင်းယောင်း မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းမြို့၊ ရပ်ကွက်(၉)၊ မြို့ဝင် ဘီးခွန်ကောက်ခံရေးစခန်း၌ ၁၂ ဘီးယာဉ် နှစ်စီးပေါ်မှ တန်ဖိုးကျပ်ငွေ သိန်းပေါင်း ၁၇၀ တန်ဖိုးရှိ လိုင်စင်မဲ့ဘီယာပါကင် ၁၁၃၄ ကို မတ် ၁ ရက်နေ့ နံနက် ၈ နာရီက ဖမ်းဆီးရမိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းမြို့၊ ရပ်ကွက်(၉)၊ မြို့ဝင် ဘီးခွန်ကောက်ခံရေးစခန်းတွင် မိုင်းယောင်းမြို့မရဲစခန်းမှ ရဲအုပ် ဇေယျာ လင်း ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ စောင့်ဆိုင်းရှာဖွေစစ်ဆေးနေစဉ် မိုင်းယုဘက်မှ မိုင်းယောင်း ဘက်သို့ ယာဉ်မောင်း ထွန်းဝင်း မောင်းနှင်လာသည့် စိမ်းပြာရောင် ၁၂ ဘီး ယာဉ်ပေါ်မှ လိုင်စင်မဲူ့နဥ တံဆိပ်ပါ ဘီယာဗူးတစ်ပါကင်လျှင် ၂၄ လုံးပါ ပါကင် ၃၇၀၊ ဘီယာဗူးပေါင်း ၈၈၈၀တို့အားလည်းကောင်း၊ ယာဉ်မောင်း သိုက်ထွန်း မောင်းနှင်သော အပြာရောင် ၁၂ ဘီးယာဉ်ပေါ်တွင် လိုင်စင်မဲူ့နဥ တံဆိပ်ပါ ဘီယာဗူးတစ်ပါကင်လျှင် ၂၄ လုံးပါ ပါကင် ၃၉၀၊ ဘီယာ ဗူးပေါင်း ၉၃၆၀ ဗူး တို့အားလည်းကောင်း၊ စုစုပေါင်း ဘီယာပါကင် ၁၁၃၄ ပါကင်၊ စုစုပေါင်း ဘီယာ ၂၇၂၁၆ ဗူး၊ စုစုပေါင်းတန်ဖိုးကျပ်သိန်းပေါင်း ၁၇၀ တို့အား တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ပြီး ဆက်လက်စစ်ဆေးရာ ဘီးယာဗူးပိုင်ရှင်သည် ဦးသီဟဇင် ၊ ရပ်ကွက် (၄)၊ ကျိုင်းတုံမြို့နေသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အမှုမှု ဦးသီဟဇင် (၃၉ နှစ်)၊ ရပ်ကွက်(၄)၊ ကျိုင်းတုံမြို့နေသူအား မိုင်းယောင်းမြို့မရဲစခန်းက (ပ)၂/၂၀၁၈၊ ယစ်မျိုးပုဒ်မ ၃၀(က)အရ အမှု ဖွင့် အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
မိုင်းယောင်း၌ ကျပ်သိန်းပေါင်း ၁၇၀ တန်ဖိုးရှိ လိုင်စင်မဲဘီယာများဖမ်းမိ မိုင်းယောင်း၌ ကျပ်သိန်းပေါင်း ၁၇၀ တန်ဖိုးရှိ လိုင်စင်မဲဘီယာများဖမ်းမိ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.