မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို FPNCC တောင်းဆို

၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် FPNCC ရဲ့ ကြေညာချက်ကို တွေ့ရစဉ်/ Photo: FPNCC Facebook
လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတို့ရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း ခက်ခဲနေတာတွေကို တရုတ်နိုင်ငံအစိုးရအနေနဲ့ ဦးဆောင်ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံသမ္မတနဲ့ စစ်ရေးဗဟိုကော်မတီ ဥက္ကဌအဖြစ် မစ္စတာရှီကျင်းဖျင်ကို ခန့်အပ်လိုက်တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း FPNCC က မတ်လ ၂၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်မှာ ထည့်သွင်း တောင်းဆိုလိုက်တာဖြစ်ပါတယ်။

FPNCC ကော်မတီကို UWSA "၀" အဖွဲ့က ဦးဆောင်တာဖြစ်ပြီး NCA စာချုပ်ကို လက်မခံတဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခက်အခဲဖြစ်နေတာပါ။

FPNCC မှာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၊ ကိုးကန့်အဖွဲ့ MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ AA ရခိုင့်တပ်မတော် စတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပါဝင်ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို FPNCC တောင်းဆို မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို FPNCC တောင်းဆို Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.